Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ကမ္ဘာ့အရှည်ဆုံးကောင်းကင်ကေဘယ်လ်ကားလိုင်း ဖွင့်လှစ်

ဗီယက်နမ်နိုင်ငံတွင် တည်ဆောက်ထားသော ကမ္ဘာ့ အရှည်ဆုံး ကောင်းကင်ကေဘယ်လ်ကားလိုင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟိုချီမင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် နေရာတစ်ခုအဖြစ် နိုင်ငံအတွင်းရှိ အကြီးဆုံးကျွန်းကို ဆက်သွယ်ပေးထားသော အလျား ၈၉ဝဝ မီတာရှိသည့် ကမ္ဘာ့အရှည်ဆုံး ကောင်းကင်ကေဘယ်လ်ကားလိုင်း ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တောင်ပိုင်း Kien Giang ပြည်နယ်ရှိ Phu Quoc ကျွန်းတွင် ပင်လယ်ပြင်ပေါ်ဖြတ်၍ သွယ်တန်းထားသည့် ကောင်းကင်ကေဘယ်လ်ကားလိုင်းကို ဖေဖော်ဝါရီ ၅ ရက်တွင် ဒေသတွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Sun Group က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ကေဘယ်လ်ကြိုးလိုင်းသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကျွန်းနှစ်ကျွန်းဖြစ်သော Phu Quoc ပြည်နယ်အတွင်းရှိ Thoi မြို့ နှင့် Hon Thom ကျွန်း တို့ကို ဆက်သွယ်ပေးထားကြောင်း သိရသည်။

အဆိုပါ ကေဘယ်လ်ကားလိုင်း စနစ်တွင် ကားအစင်းပေါင်း ၆၉ စင်းပါဝင်ပြီး Sun World Hon Thom သဘာဝဥယျာဉ်၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကမ္ဘာလှည့်ခရီးသွားများအတွက် စတင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.