Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှု နှိမ်နင်းရေး စီမံချက်ဖြင့် အကြမ်းဖက်သမား ၃၇ ဦးအား ဖမ်းဆီးထိန်းသိမ်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရဲတပ်ဖွဲ့ဝင် အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်း ဇွန်လ ၁၀ ရက်မှ စ၍ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှု နှိမ်နင်းရေး စီမံချက်၏ ပထမ ၂၄ နာရီအတွင်း အကြမ်းဖက်သမား ၃၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ၏ ဇွန် ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြို့တော် ဒါကာ နှင့် နိုင်ငံ တစ်ဝန်းရှိ အခြားမြို့များမှ သံသယရှိသူ ၃၁၉၂ ယောက်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ နေရာ အနှံ့မှ ရဲတပ်ဖွဲ့များသည် တစ်နိုင်ငံလုံး စီမံချက်ဖြင့် အကြမ်းဖက်သမား ၃၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
ရဲစစ်ဆေးရေး အရာရှိချုပ် AKM Shahidul Hoque က တစ်ပတ်ကြာ ပြုလုပ်မည့် အဆိုပါ စီမံချက်သည် အကြမ်းဖက်သမားများ၏ ပုန်းခိုရာ အားလုံးအားနှင့် နိုင်ငံ အတွင်းရှိ ၎င်းတို့၏ ကွန်ရက်များအား နှိမ်နင်းဖယ်ရှားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
မြို့တော် ဒါကာ မှ ၂၁၆ ကီလိုမီတာ အကွာအဝေးရှိ Pabna ဒေသတွင် ဇွန်လ ၁၀ ရက် က ဟိန္ဒူ ဘုရားကျောင်း အလုပ်သမားတစ်ဦး အသတ်ခံခဲ့ရပြီး လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ အကြမ်းဖက်မှုများ တစ်ဟုန်ထိုး များပြားလာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၃ခုနှစ် ကတည်းမှစ၍ ဘာသာရေးနှင့် လူမှုရေး၊ ပညာရေးကဲ့သို့ အဖွဲ့အစည်းများ နှင့် မပတ်သက်သင့်ကြောင်း ဆန့်ကျင်ရေးသားခဲ့သည့် စာရေးဆရာများ၊ ဘလော့ဂါများနှင့် ထုတ်ဝေသူများသည် အစွန်းရောက်များ၏ တိုက်ခိုက်မှုများခံရကာ သေဆုံးခြင်းနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း တို့ဖြစ်ပွား ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.