Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ ရှိ ဗဟိုဘဏ် အဆောက်အအုံမီးလောင်မှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ ရှိ ဗဟိုဘဏ် အဆောက်အအုံ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့လယ် Motijheel စီးပွားရေးခရိုင် ရှိ နိုင်ငံတော်ဗဟိုဘဏ် ၃၁ထပ်တိုက် အဆောက်အအုံတွင် မတ်လ ၂၃ ရက် ညပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ မီးသတ်ဦးစီးဋ္ဌာန တာဝန်ရှိသူတစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗဟိုဘဏ် အဆောက်အအုံ၏ ၁၃လွှာတွင် မတ်လ ၂၃ ရက် ဒေသစံတော်ချိန် ည ၉း၄၅နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်ရန် မီးသတ်ယာဉ် ၁၄စီး စေလွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။မီးလောင်မှုသည် ဗဟိုဘဏ်အဆောက်အအုံ၏ ၁၂လွှာ နှင့် ၁၄လွှာတို့ကို ကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။မီးလောင်မှုကြောင့် သေဆုံးမှုသတင်းမရရှိသေးကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကိုလည်း သိရှိခြင်းမရှိသေးကြောင်း သိရသည်။ဗဟိုဘဏ်အဆောက်အအုံ သည် အမြင့် ၁၁၅မီတာ (၃၇၇ပေ) ရှိကာ အထပ်ပေါင်း ၃၁ထပ်ပါရှိပြီး ဗဟိုဘဏ်ဋ္ဌာနချုပ်ဖြစ်ကြောင်း နှင့် ယင်းအဆောက်အအုံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစောပိုင်းအမြင့်ဆုံး အဆောက်အအုံများအနက်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.