Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ၏ တရုတ်သို့ ဒုတိယမြောက် ခရီးစဉ်အဖြစ် သွားရောက်မည်

မနီလာမြို့တွင် ကျင်းပခဲ့သော စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ဖိလစ်ပိုင်-တရုတ် အသင်း (FFCCCII) ၏ အစည်းအဝေးပွဲ၌ ဖိလစ်ပိုင်သမ္မတ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး က ၎င်း၏ တရုတ်နိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်အဖြစ် မေလ၌ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ က ကြီးမှူးကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးညီလာခံသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၄ရက်ကပြောကြားခဲ့သည်။

ဒူတာတေးက “တရုတ်သမ္မတ ရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကိုသွားမှာပါ။ ပြီးတော့ ခေတ်သစ်ပိုးလမ်းမကြီးဆိုတာ တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကြီးကြီးမားမား ထားရှိတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု မနီလာမြို့တွင် ကျင်းပခဲ့သော စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ဖိလစ်ပိုင်-တရုတ် အသင်း (FFCCCII) ၏ အစည်းအဝေးပွဲတစ်ခု ၌ ပြောကြားခဲ့သည်။၎င်းက “ဖိလစ်ပိုင်ကနေ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု ဟာ ယခင်ကထက် နှစ်ဆတိုးလာပြီး နာနတ်သီးတင်ပို့မှုဟာလည်း ၅၀ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက်ကြောင့် တရုတ်နိုင်ငံကို ထပ်မံပြီးတော့ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံထွက်ကုန်များ ပိုမိုဝင်ရောက်လာနိုင်စေရန် တရုတ်နိုင်ငံ၏ စီးပွားရေးတံခါးဝများကို ဖွင့်လှစ်ပေးမည် ဟု တရုတ်နိုင်ငံက ကတိပြုခဲ့ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။ဖိလစ်ပိုင်သမ္မတ က ယခုအချိန်အထိ မည်သည့်နိုင်ငံနှင့်မျှ စစ်ရေးအရ မဟာမိတ်ဖွဲ့ရန် စီစဉ်ထားခြင်း မရှိကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။သို့သော် ဖိလစ်ပိုင်အပေါ် စာနာ နားလည်ပြီး ဆန့်ကျင်ဘက် ပြုလုပ်ခြင်းမရှိသည့် နိုင်ငံကိုမူ မိတ်ဆွေနိုင်ငံအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက တရုတ်နိုင်ငံကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ (Xinhua)