Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့လှေ တိမ်းမှောက်မှုဖြစ်ပွား ၊ သေဆုံးသူ ၂၆ ဦးထိ မြင့်တက်
ဒါကာ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အနီးရှိ Shitalakkhya မြစ်အတွင်း ဧပြီ ၄ ရက်က ခရီးသည်တင် ကူးတို့လှေတစ်စင်း တိမ်းမှောက်မှုတွင် နောက်ထပ် ရုပ်အလောင်း ၂၁ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယနေ့ ဧပြီ ၅ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၂၆ ဦးထိ မြင့်တက်သွားပြီး ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ကဆိုသည်။
မီးသတ်တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးဌာန ရုံးချုပ်မှ အကြီးတန်းတာဝန်ခံအရာရှိ Ershad Hossain က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ဒါကာမြို့မှ ကီလိုမီတာ ၂၀ အကွာ Narayanganj ခရိုင်တွင်တည်ရှိသည့် Shitalakkhya မြစ်အတွင်းမှ ကလေးငယ်များ နှင့် အမျိုးသမီးများအပါအဝင် ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ဆိုသည်။
အဆိုပါ ကူးတို့လှေပေါ်တွင် ခရီးသည် ၅၀ ဦးခန့် လိုက်ပါသွားကြောင်း နှင့် ၎င်းလှေသည် ဧပြီ ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် မြစ်အတွင်း အခြား စက်လှေတစ်စင်း နှင့်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ တနင်္လာနေ့မွန်းလွဲပိုင်းမှာ နောက်ထပ် ရုပ်အလောင်း ၂၁ လောင်း ထပ်မံဆယ်ယူရရှိခဲ့တယ် ၊ ဒါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅ ယောက်ကနေ ၂၆ ယောက်ထိ မြင့်တက်သွားတာပါ” ဟု Hossain က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။
ထို့ပြင် ပျောက်ဆုံးနေဆဲ လူအရေအတွက်မည်မျှ ရှိသည်ကို မသိရသေးသဖြင့် ရှာဖွေရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ ကူးတို့လှေပေါ်မှာ ခရီးသည် ၅၀ တင်ဆောင်သွားတယ်လို့ပဲ ကျနော်တို့သိထားတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းလှေကို ကမ်းပါးဆီသို့ ဆွဲတင်ထားခဲ့ပြီးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြစ်ချောင်း ရာချီပေါ်တွင် ဖြတ်သန်းပြေးဆွဲနေသော ကူးတို့သင်္ဘော နှင့် စက်လှေများသည် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။(Xinhua)
——————————————
(English Version)
Death toll rises to 26 in Bangladesh ferry sinking
DHAKA, April 5 (Xinhua) — The death toll of Sunday’s ferry sinking in the Shitalakkhya River near Bangladesh’s capital Dhaka has risen to 26 Monday afternoon, after another 21 bodies were retrieved, an official said.
Ershad Hossain, senior duty officer of the Fire Service and Civil Defence Headquarters, told Xinhua that the bodies of the victims, including children and women, were recovered from the river in Narayanganj district, about 20 km away from Dhaka.
The jam-packed boat, carrying on board some 50 passengers capsized after it was hit by another boat in the river at around 6:00 p.m. local time Sunday.
“Another 21 bodies were recovered on Monday afternoon, taking the number of total death toll to 26 from five,” Hossain told Xinhua over phone.
He said a search operation is still under way for the unknown number of people still missing.
“We’ve come to know that the ferry was carrying about 50 passengers,” he said, adding that the boat has been dragged to the bank
Ferry and boat disasters are common in Bangladesh, which is crisscrossed by hundreds of rivers. Enditem
Ferries packed with homebound travelers are seen at Sadarghat Launch Terminal in Dhaka, Bangladesh, July 30, 2020.