Connect with us

Asia

မွမ်ဘိုင်း တိုက်ခိုက်မှုတွင် ကြံစည်သူနှင့် လက်နက်ခိုးယူမှုတွင် ပါဝင်သူ ၆ ဦးအား တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်

မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ကြံစည်သူ အဘူ ဂျန်ဒယ်လ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

သက္ကရာဇ် ၂၀၀၈ ခုနှစ်က မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ကြံစည်သူ အဘူ ဂျန်ဒယ်လ် (Abu Jandal) အပါအဝင် ၂၀၀၆ ခုနှစ် လက်နက်များခိုးယူမှု၌ ပါဝင်သူများအား အိန္ဒိယနိုင်ငံ အထူး တရားရုံးက သြဂုတ်လ ၂ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ၂၀၀၆ ခုနှစ် Aurangabad လက်နက်များ ခိုးယူမှုတွင် ပါဝင်သူ ၁၂ ဦးကိုလည်း ပြီးခဲ့သည့် ရက်သတ္တ ပတ်က ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေဗျနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခံထားရသည့် အဘူ ဂျန်ဒဲလ် အပါအဝင် ၇ ဦးကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးခဲ့ပြီး အခြားသူများကိုမူ လျှော့ပေါ့သည့် ပြစ်ဒဏ် များ ကျခံစေခဲ့သည်။
စင်စစ် ထို ပြစ်ဒဏ် ချမှတ်ခံရသည့် အဆိုပါ ၁၂ ဦးသည် ဂူဂျာရစ်ပြည်နယ် အနောက်ပိုင်း ဝန်ကြီးချုပ်နှင့် လက်ရှိ ဝန်ကြီးချုပ် ဖြစ်နေသူ နာရန်ဒြာ မိုဒီ အပါအဝင် ခေါင်းဆောင်များအား အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အတွက် အလိုရှိနေသူများ ဖြစ်သည်။
လက်နက်များခိုးယူမှုသည် ၂၀၀၆ ခုနှစ် မေလ ၈ ရက်တွင် ဖြစ်ပွားခဲ့ပြီး မဟာရက်ရှ်ထရာပြည်နယ် အနောက် ပိုင်း Aurangabad မြို့အနီးတွင် ယာဉ် နှစ်စီးအား ရဲများက ဖမ်းဆီးခဲ့စဉ်တွင် လူ သုံးဦးအား ဖမ်းမိခဲ့ကြောင်း၊ ၎င်း ကိစ္စအား ဂျန်ဒဲလ်က စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဝှက်ထားသည့် လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ အား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအမှုအား ၂၀၁၃ ခုနှစ် မတ်လတွင် စတင်စစ်ဆေးခဲ့သည်။ အမှုတွင် ပါဝင်သူ ၁၀ ဦးအား တရားသေလွှတ် ခဲ့ပြီး အချို့မှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်သလို အချို့မှာမူ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်က ပါကစ္စတန် အကြမ်းဖက်သမား ၁၀ ဦး ပင်လယ်ရေကြောင်းမှတဆင့် မွမ်ဘိုင်းသို့ ရောက်ရှိလာခဲ့ ကာ ပြုလုပ်ခဲ့သည့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသော မွမ်ဘိုင်း ပူးပေါင်းတိုက်ခိုက်မှုတွင် ဂျန်ဒဲလ်လည်း ပါဝင်ခဲ့သည်။ အဆိုပါ မွမ်ဘိုင်း တိုက်ခိုက်မှုတွင် နိုင်ငံခြားသား ၆ ဦး အပါအဝင် လူပေါင်း ၁၇၀ သေဆုံးခဲ့ကာ လူ ၃၀၀ ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.