Asia
လာအို သမ္မတ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားသို့ ရောက်ရှိ
ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ် (Bounnhang Vorachit) သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒမ် စီဟမ်မွန်နီ (Norodom Sihamoni) ၏ ဖိတ်ကြားချက်ဖြင့် နှစ်ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်လည်ပတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) က ရောက်ရှိခဲ့သည်။
ဘွန်ညံသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် သမ္မတ ရာထူး တာဝန်ယူကတည်းက ကမ္ဘောဒီးယားနိုင်ငံသို့ ပထမဆုံး ရောက်ရှိခြင်းလည်း ဖြစ်သည်။
အစီအစဉ်အရ လာအို သမ္မတသည် တော်ဝင် နန်းတော်တွင် ကမ္ဘောဒီးယား ဘုရင်နှင့် တွေ့ဆုံပြီးနောက် ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌ Samdech Say Chhum ၊ အမျိုးသား ညီလာခံ ဥက္ကဋ္ဌ Samdech Heng Samrin ၊ ဝန်ကြီးချုပ် Samdech Techo Hun Sen တို့နှင့် ယနေ့ နေ့လည်ပိုင်းတွင် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်သည်။
ဘွန်ညံ၏ ယခု ခရီးစဉ်သည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား နယ်ပယ် အားလုံး၌ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ရန်အတွက် အရေးပါသည့် ခရီးစဉ် ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)