Asia
သီရိလင်္ကာနိုင်ငံ၌ ၁ လအတွင်း အရက်သောက်၍ ကားမောင်းသူ ၇,ဝဝဝ ကျော်အဖမ်းခံရ

ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ယနေ့(သြဂုတ် ၅ ရက်) ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ဇူလိုင် ၅ ရက် မှ ယနေ့(သြဂုတ် ၅) ရက် နံနက်ပိုင်းအထိ ၁ လတာ ပြုလုပ်သော အထူးစစ်ဆေးရေးအစီအစဉ်ကြောင့် နိုင်ငံတစ်ဝှမ်း၌ ယာဉ်မောင်းစုစုပေါင်း ၇,၁၄၄ ဦး အဖမ်းခံရကြောင်း သိရသည်။
သီရိလင်္ကာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ SP Ruwan Gunasekara က အရက်သောက်၍ ကားမောင်းသူများအနေဖြင့် ဒဏ်ကြေးငွေ သီရိလင်္ကာရူပီး ၂၅,ဝဝဝ ( အမေရိကန်ဒေါ်လာ ၁၄၂.၉၄ ကျော်) ပေးဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။
သီရိလင်္ကာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃ဝဝဝ ကျော် အသက်သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)