Asia
အင်ဒိုနီးရှားနိုင်ငံ၌ အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ လေးဦး ဒဏ်ရာရ

ဂျကာတာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမာတြားကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုထဲ၌ သြဂုတ်လ ၂၈ ရက်တွင် ဓမ္မဆရာတစ်ဦးက တရားဟောနေစဉ် လူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
၎င်းတိုက်ခိုက်မှုကြောင့် အသေခံဗုံးခွဲသူမှာ အသက်သေဆုံးခြင်းမရှိဘဲ အခြား လူ သုံးဦးနှင့်အတူ စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပြည်တွင်း ရုပ်သံ သတင်းဌာနက သတင်းဖော်ပြခဲ့သည်။(Xinhua)