Connect with us

Asia

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ကျွန်းနိုင်ငံ တစ်ခုတွင် ဓားပြများက ခရီးသည် ၃၁ ဦးအား သတ်ဖြတ်

မာဒါဂတ်စကာ နိုင်ငံတွင် ကင်းလှည့်နေသည့် စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မာဒါဂတ်စကာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အာဖရိကတိုက် အရှေ့တောင် ကမ်းရိုးတန်းအလွန် အိန္ဒိယ သမုဒ္ဒရာ အတွင်း ရှိ မာဒါဂတ်စကာ ကျွန်းနိုင်ငံတွင် ဓားပြများက အငှားယာဉ်နှင့် လိုက်ပါလာသည့် ခရီးသည် ၃၁ ဦးအား လုယက်ကာ သတ်ဖြတ်ခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၂၂ ရက်တွင် ပြောကြားသည်။

အဆိုပါ အငှားယာဉ်ပေါ်၌ ခရီးသည် ၃၂ ဦး တင်ဆောင်လာပြီး မာဒါဂတ်စကာ အနောက်တောင်ပိုင်းရှိ Toliara မြို့မှ Beroroha မြို့သို့ သွားရောက်နေစဉ် လမ်းကြောင်းပေါ်၌ ဓားပြများက လုယက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးဋ္ဌာန မှ Daniel Ramiandrisoa က သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပေါ်ကြားခဲ့သည်။
Ramiandrisoa က ဓားပြ အယောက်၂၀ ဝန်းကျင်သည် အငှားယာဉ် မောင်းနှင်လာသည့် လမ်းကြောင်းအား ပိတ်ဆို့ခဲ့ကြောင်း၊ ကားမောင်းသူသည် လွတ်မြောက်ရန် မောင်းနှင်ခဲ့သော်လည်း ဓားပြများ ဘက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ တာယာကွဲကာ တိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဓားပြတိုက်ခံရသူများအနက် ၁၀ ဦးမှာ ကလေးငယ်များ ဖြစ်ပြီး တိုက်ခိုက်မှုမှ တစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာ အပြင်းအထန် ရရှိထားကြောင်း သိရသည်။
ဓားပြများသည် ခရီးသည်များထံမှ အမေရိကန် ဒေါ်လာ ၂,၀၀၀ ခန့် တန်ဖိုးနှင့် ညီမျှသည့် နိုင်ငံသုံး မာဒါဂတ်စကာ ငွေကြေးနှင့် အခြား တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အခင်း မဖြစ်ပွားမီ အဆိုပါ ဓားပြများသည် အဆိုပါ လမ်းကြောင်း ပေါ်ရှိ စစ်တပ်ယာဉ် တစ်စီးအား ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။
အမျိုးသား ကာကွယ်ရေး ဋ္ဌာန လက်အောက်ရှိ လုံခြုံရေးနှင့် စုံစမ်းစစ်ဆေးရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး Anthony Rakotoarison က အမျိုးသား ကာကွယ်ရေး ဝန်ကြီးဋ္ဌာနသည် အခင်းဖြစ်ပွားရာ နေရာသို့ နယ်မြေ ရှင်းလင်းရန် တပ်သား ၅၀ ဦး အား အရေးပေါ် စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.