Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အရက်တုများသောက်သုံးမှုကြောင့် လူ ၁၄ ဦးသေဆုံး

ခွက်အတွင်း အရက်များငှဲ့ထည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် အရက်တုများ သောက်သုံးပြီးနောက် အမျိုးသမီး ၈ ဦးအပါအဝင် လူ ၁၄ ဦးသေဆုံးကာ အခြားသူ ၁၃ ဦး ဖျားနာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အရက်အား အက်ဆမ်ပြည်နယ်မြို့တော် ဒစ်ပါရ် အရှေ့ဘက် ၂၇၅ ကီလိုမီတာခန့်အကွာ ဂိုလာဂတ်ခရိုင်ရှိ ဟယ်လ်မီရာလက်ဖက်ခြံတွင် ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက သောက်သုံးခဲ့ခြင်း ဖြစ်သည်။“မနေ့ညက ပြည်တွင်းထုတ်အရက်ကို သောက်သုံးပြီးတော့ လူ ၂၇ ယောက် ဆေးရုံရောက်လာကြတယ်။ အဲဒီအနက် ၁၄ ယောက်သေဆုံးပြီးတော့ ကျန်တဲ့ ၁၃ ယောက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေတုန်းပါပဲ” ဂိုလာဂတ်ခရိုင်ရှိ အဆင့်မြင့်ရဲအရာရှိ ပါသာ ပရာတင်မ် ဆိုင်ကီရာ (Partha Pratim Saikia) က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က ဖြစ်စဉ်အား မှတ်တမ်းတင်ထားပြီး အရက်နမူနာများအား စုဆောင်းခဲ့ကြောင်း ဆိုင်ကီရာက ပြောခဲ့သည်။သေဆုံးသူများထဲတွင် ထိုအရက်များအား အလုပ်သမားများကို တိုက်ရန် ဝယ်ယူခဲ့သည့် အိမ်ပိုင်ရှင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.