Asia
ဥဇဘက်ကစ္စတန် ဘူခါရာရှိ ပိုးလမ်းကြီး ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းဝင်နေရာသို့ တရုတ်နိုင်ငံ သမ္မတ ရှီ သွားရောက် လေ့လာ
ဘူခါရာ၊ ဥဇဘက်ကစ္စတန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရှေးဟောင်း ပိုးလမ်းမကြီး ရှိ တောက်ပသော ပုလဲဟု တင်စား ခေါ်ဝေါ်သော နေရာသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
သမ္မတ ရှီနှင့် ဇနီး ဖုန်းလိယွမ်တို့နှင့်အတူ ဥဇဘက် ဝန်ကြီးချုပ် Shavkat Mirziyoyev က လိုက်ပါလာခဲ့ကာ ဥဇဘက်ကစ္စတန်နိုင်ငံ တောင်အလယ်ပိုင်းရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာသို့ အသေးစိတ် သွားရောက်လေ့လာခဲ့သည်။
ပိုးလမ်းမကြီးပေါ်၌ တည်ရှိသော ဘူခါရာရှိ သမိုင်းဝင် စင်တာသည် နှစ်ပေါင်း ၂,၀၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည်။ ယင်းသည် အာရှ အလယ်ပိုင်းရှိ မြို့များအား ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် အကောင်းဆုံး ဥပမာ တစ်ခုလည်း ဖြစ်သည်။
ဘူခါရာရှိ Ark ခံတပ်ကြီးပေါ်၌ ရပ်လျက် ဝန်ကြီးချုပ် Mirziyoyev က ရှိအား သမိုင်းကြောင်းအား ရှင်းပြခဲ့သလို တစ်ချိန်က မြို့တွင်းရှိ ကလေးများသည် ကျောက်တုံးများအစား ရွှေအကြွေစေ့များဖြင့် ဆော့ကစား ခဲ့ကြကြောင်း၊ လက်ရှိတွင် ယင်း Ark ခံတပ်ကြီးအား ယဉ်ကျေးမှုပြတိုက်အဖြစ် ပြသထားကြောင်း၊ ကိုရမ်ကျမ်း လက်ရေးမူ၊ လက်မှု ပစ္စည်းများ၊ ရှေးဟောင်း အကြွေစေ့များနှင့် ရှေးဟောင်း လက်နက်များက ယင်းမြို့ သမိုင်းကြောင်းအား သက်သေပြလျက်ရှိသည်။
ဘူခါရာသည် အရှေ့အာရှရှိ အရေးပါသော စီးပွားရေးနှင့် ယဉ်ကျေးမှု စင်တာနှင့် ရာစုနှစ်များစွာ တိုင်အောင် အစ္စလာမ်မစ် ယဉ်ကျေးမှု၏ အဓိက စင်တာတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။
သမ္မတ ရှီသည် ဘူခါရာရှိ သမိုင်းဝင်နေရာများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ဥဇဘက်ကစ္စတန် မြို့တော် Tashkent သို့ သွားရောက်ခဲ့ပြီး ဥဇဘက် သမ္မတ Islam Karimov နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဓိက ကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်သည်။
ထို့ပြင် ရှီသည် Tashkent မြို့တွင် ပြုလုပ်မည့် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တွင် ပြုလုပ်မည့် ၁၆ ကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း ရှန်ဟိုင်း ကောင်စီ၏ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)