Connect with us

Australia / Oceania

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သြစတြေးလျနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ

သြစတြေးလျနိုင်ငံသို့ မတ်လ ၂၂ရက်ညပိုင်းတွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် အားတွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့သို့ မတ်လ ၂၂ ရက် ညပိုင်းတွင် တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် ၁၁နှစ်တာကာလအတွင်း သြစတြေးလျနိုင်ငံ သို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် နှင့် သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့သည် ငါးကြိမ်မြောက်နှစ်ပတ်လည် နှစ်နိုင်ငံဝန်ကြီးချုပ်များ အစည်းအဝေး အား ကျင်းပသွားမည်ဖြစ်ပြီး ၎င်းတို့သည် တရုတ်-သြစတြေးလျ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တစ်ခုသို့လည်း တက်ရောက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်စလုံးသည် ၂၀၁၅ ဒီဇင်ဘာလ တွင် စတင်ဆောင်ရွက်ခဲ့သည့် နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် နှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေး နှင့် ခရီးသွားလုပ်ငန်း များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက် အဆင့်မြှင့်ရန် လမ်းကြောင်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လီ၏ ၅ရက်တာခရီးစဉ်အတွင်း ၎င်းသည် သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ် Peter CosGrove နှင့် ပါလီမန်ကိုယ်စားလှယ်များအား တွေ့ဆုံသွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၈ဘီလီယံ အထိရောက်ရှိခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် ရင်းနှီးမြှုပ်နှံမှုသည်လည်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရောက်ရှိခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသည် နိုင်ငံအတွင်းသို့ တရုတ်ခရီးသွားများ နှင့် ကျောင်းသားများ ဝင်ရောက်လာမှု မြင့်တက်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်၌ နိုင်ငံအတွင်းဝင်ရောက်လာသော တရုတ်ခရီးသွားအရေအတွက် သည် ၁.၂သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ် သည် ၎င်း၏ သြစတြေးလျခရီးစဉ် အပြီးတွင် နယူးဇီလန်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.