Connect with us

Australia / Oceania

လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် ဧပြီလကုန်ပိုင်းတွင် အဆင့်မြှင့်တင်ရေး ဆွေးနွေးရန် သဘောတူ

နယူးဇီလန်နိုင်ငံတွင် မတ်လ ၂၇ ရက်က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဘီလ် အင်္ဂလိပ် (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝဲလ်လင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နှင့် နယူးဇီလန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အဆင့်မြှင့်တင်ရေးအတွက် ဧပြီလကုန်ပိုင်းတွင် စတင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်က စတင် အသက်ဝင်ခဲ့သော လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အား အဆင့်မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နယူးဇီလန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေစဉ်တွင် ယခုလို သဘောခဲ့ကြခြင်း ဖြစ်သည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဘီလ်အင်္ဂလိပ် (Bill English) နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ လီက FTA ကို အဆင့်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု ဖွံ့ဖြိုးရန် တိုးတက်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု ကုန်သွယ်ရေး၊တိရစ္ဆာန်နှင့် သစ်ပင်များ ရောဂါဘယ ကူးစက်ရေးမှုမှ ကာကွယ်ရေး၊ သဘာဝ ထုတ်ကုန်များနေရာ စည်းမျဉ်းစည်းကမ်း၊ စီးပွားရေးနှင့် နည်းပညာ၊ e-commerce နှင့် ယှဉ်ပြိုင်ရေး မူဝါဒများ စသည့် ကဏ္ဍများတွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Wang Lutong က ပြောသည်။

“တရုတ်-နယူးဇီလန် FTA က တရုတ်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား အဆင့်မြင့်ဆုံး တစ်ခု ဖြစ်တယ်၊ ကာလရှည် ကောင်းမွန်တဲ့ ကုန်သွယ်မှု ဆက်ဆံရေး ရှိထားပြီးတဲ့အတိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်လာခြင်းက ကျွန်တော်တို့ရဲ့ စီးပွားရေး တိုးတက်မှုကို တစ်ပန်းသာစေတယ်” ဟု လီက ဆိုသည်။

ထို့ပြင် စီးပွားရေး ပွင့်လင်းမှုနှင့် ကုန်သွယ်မှု၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး စသည်တို့အား နှစ်နိုင်ငံ ပူးတွဲ ကာကွယ်သွားမည် ဖြစ်ကြောင်း လီက ဖြည့်စွက် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံထုတ် နို့ထွက် ပစ္စည်းများ သုံးပုံတစ်ပုံကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်လျက်ရှိသော ထုတ်ကုန်များမှာ တရုတ် စားသုံးသူ ဈေးကွက်ကို ရှာဖွေလျက်ရှိကြောင်း၊ တရုတ်သို့ လိုအပ်သည့် စံနှုန်းများအတိုင်း တင်ပို့သော နယူးဇီလန် ထုတ်ကုန်များအားလုံး ဘေးကင်းစေရေးအတွက် တရုတ်နိုင်ငံ အစားအသောက် ဘေးကင်းရေး အာဏာပိုင်များနှင့်အတူ အခွင့်အလမ်းသစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်္ဂလိပ်က ပြောကြားခဲ့သည်။

တရုတ်နှင့် နယူးဇီလန်တို့သည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ်၊ နယူးဇီလန် အေးခဲ အမဲသားအတွက် ခွင့်ပြုမှု အသစ်များနှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး စသော သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည့် ၎င်း၏ သြစတြေးလျ ခရီးစဉ်ပြီးနောက် နယူးဇီလန်သို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မတ်လ ၂၆ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.