Australia / Oceania
ဆစ်ဒနီဆိပ်ကမ်း၌ ဝေလငါးတစ်ကောင်ကို ကယ်ဆယ်ရေး ဆောင်ရွက်
ဆစ်ဒနီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
ဆစ်ဒနီဆိပ်ကမ်း၌ ဇူလိုင် ၃ ရက်က ကြိုးနှင့်ငြိမိပြီး ရေပေါ်တွင် ပေါလော မျောနေသည့် ဝေလငါးတစ်ကောင်ကို ကယ်တင်၍ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတမ်းတစ်လျှောက်မှ မြောက်ဘက်သို့ဦးတည်မျောလာသည့် အမှိုက်သရိုက်ကြိုးဖြင့် ငြိနေသော ဝေလငါးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကြိုးအရှည် ၁ဝဝ မီတာကျော်ဖြင့် ပတ်မိပြီး ရေပေါ်တွင် ပေါလောမျောပါနေသော ဝေလငါးကို ငါးဖမ်းသမားများက ဆစ်ဒနီတောင်ပိုင်း၌ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ၏ သတိပေးမှုနှင့်အတူ နယူးဆောက်ဝေးပြည်နယ် အမျိုးသားဥယျာဉ် နှင့် အဏ္ဏဝါကယ်ဆယ်ရေးအဖွဲ့က ဝေလငါး မျောပါနေသည့် အရှိန်ကို လျော့ချရန် ဘောယာကြီးတစ်ခုနှင့် တွဲချိတ်ချည်ပေးခဲ့ကြောင်း သိရသည်။
အလုပ်သမားများက ဝေလငါးကိုယ်ပေါ်တွင် ပတ်မိနေသည့် ကြိုးကို ဖယ်ရှား၍ ကယ်တင်ရန် လုပ်ဆောင်ခဲ့ကြသည်။
တစ်နာရီကျော်ကြာ လုပ်ဆောင်ပြီးနောက် ကြိုးကို ဖယ်ရှားနိုင်ခဲ့ကြောင်း နှင့် ဝေလငါးကြီးမှာ မြောက်ဘက်သို့ထွက်ခွာသွားကြာင်း သိရသည်။
နှစ်စဉ် တောင်ပိုင်းဆောင်းရာသီ ကာလအတွင်း ဝေလငါးများသည် အန္တာတိကတိုက် ပင်လယ်ရေပြင်မှ ပူနွေးသောရာသီဥတုရှိသည့် မြောက်ပိုင်းရှိ သြစတြေးလျနိုင်ငံ၏ Great Barrier Reef ပင်လယ်ပြင်ဖက်သို့ဦတည် ကူးခတ်လာလေ့ရှိကြောင်း သိရသည်။(Xinhua)