Connect with us

Australia / Oceania

တရုတ်နိုင်ငံ သမ္မတ ရှီ နှင့် တောင်ကိုရီးယားသမ္မတ တို့ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) တို့ ပို့မော်ရက်စ်ဘီမြို့၌ နိုဝင်ဘာ ၁၇ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ ပိုမိုအားကောင်းလာစေရန် ပြောကြားခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆောင်ရွက်ခဲ့သော သဘောတူညီချက်များကို လွန်ခဲ့သည့် နှစ်အတွင်း ထိရောက်စွာပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ပါပူဝါနယူးဂီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့တွင် ပြုလုပ်သည့် ၂၆ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ ရှီ နှင့် မွန်တို့တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှီက နှစ်ဖက်စလုံးသည် APEC, G20 နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံအစည်းအဝေးများ စသည့် မူဘောင်များအတွင်း ညှိနှိုင်းဆောင်ရွက်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် လွန်ခဲ့သည့် တစ်ပတ်က ပြုလုပ်ခဲ့သော ပထမအကြိမ်တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် တရုတ်နိုင်ငံ နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်အရေး နှင့် ပတ်သက်၍ ရှီက လွန်ခဲ့သော နှစ်အတွင်း ကိုရီးယားကျွန်းဆွယ်အတွင်း အပြုသဘောဆောင်သည့် ပြောင်းလဲမှု အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အရေးတစ်ခုလုံးသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည့် ဆွေးနွေးမှုစကားဝိုင်းနှင့် တိုင်ပင်ညှိနှိုင်းဘက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.