Australia / Oceania
ဖီဂျီနိုင်ငံအနီးပင်လယ်ပြင်တွင် ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်

ဆူဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ)
တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီနိုင်ငံအနီး ပင်လယ်ပြင်တွင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၂ မိနစ်က ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
အဆိုပါငလျင်သည် ဖီဂျီနိုင်ငံ မြောက်ပိုင်း Vanua Levuကျွန်း၏မြို့တော် Lambasa အရှေ့တောင်ပိုင်း ၂၆၀ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တောင်လတ္တီကျု ၁၇.၈၃၁ ဒီဂရီ ၊အနောက်လောင်ဂျီကျု ၁၇၈.၆၆၂ ဒီဂရီ တွင် အနက် ၅၆၇.၄ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ မြေငလျင်သတင်းဝက်ဘ်ဆိုက်မှ သိရသည်။ လက်ရှိတွင် ပစိဖိတ်ဆူနာမီသတိပေးစင်တာမှ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းသိရသည်။
ဖီဂျီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာမီးတောင်ငလျင်ကြောတွင်တည်ရှိရာ ငလျင်မကြာခဏဖြစ်ပွားလေ့ရှိ သည်။ (Xinhua)