မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့လယ်ရှိ ဇိမ်ခံလူနေအဆောက်အဦတစ်လုံး မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားသတင်းမီဒီယာက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တော်နှင့်ထိစပ်နေသည့် ကလူဂါ (Kaluga) ဒေသတွင် ဘတ်စ်ကားတစ်စင်းသည် ချောက်ထဲသို့ပြုတ်ကျပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အခြား ၃၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အလံပါ ကုန်တင်သင်္ဘောနှစ်စီးသည် ဇန်နဝါရီ ၂၁ ရက် က Kerch ရေလက် ကြားအနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရုရှား ရေကြောင်း သယ်ယူပို့ဆောင်ရေး ဌာနက ဇန်နဝါရီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားအတွက် အလုပ်လုပ်ပေးနေသော သူလျှိုတစ်ဦးဖြစ်နိုင်ကြောင်း စွပ်စွဲချက်အပေါ် ရုရှားနိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ငြင်းဆိုလိုက်သည်။
ဝါဆော ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ မြောက်ပိုင်းရှိ Gdansk မြို့၌ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ကျင်းပသော လူမှုအကျိုးပြု အခမ်းအနားတစ်ခုတွင် ယင်းမြို့၏ မြို့တော်ဝန် ပေါဝဲလ်အက်ဒမ်မိုဗစ်( Pawel Adamowicz)သည် စင်မြင့်ထက်၌ မိန့်ခွန်းပြောကြားနေစဉ် လူတစ်ဦး၏ ဓားထိုးခြင်း...
မော်စကို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက အထပ်မြင့်တိုက်တစ်လုံးတွင် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင်ရှိသော လက်နက်ပမာဏအားလုံး၏ ၆၁.၅ ရာခိုင်နှုန်းမှာ ခေတ်မီလက်နက်များအဖြစ်သို့ရောက်ရှိပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဆာဂျီရှိုဂူ(Sergei Shoigu) က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အကြမ်းဖက်တိုက်ဖျက်ရေးကို လက်နက်တစ်ခု နှင့် ဆင်ခြေဆင်လက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောသည်။
မော်စကို ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) GRU ဟူ၍ လူသိများသော ရုရှားနိုင်ငံ အဓိကထောက်လှမ်းရေးညွှန်ကြားမှုအဖွဲ့အကြီးအကဲ Igor Korobov သည် အပြင်းအထန် နာမကျန်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၁ ရက်၌ အသက် ၆၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် အိန္ဒိယရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘော ၄ စင်းတည်ဆောက်ပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားနိုင်ငံ စစ်တပ် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ ရုရှားမီဒီယာက နိုဝင်ဘာ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။