Connect with us

Eastern Europe

ရုရှားရေငုပ်သင်္ဘောမီးလောင်မှုဖြစ်ပွားရာ သင်္ဘောသား ၁၄ ဦးသေဆုံး

ရုရှားရေတပ်အခြေစိုက်စခန်းတွင် ဆိုက်ကပ်ထားသော ရေငုပ်သင်္ဘောအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ရေပိုင်နက်အတွင်း ရေနက်ပိုင်း သုတေသနရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး သင်္ဘောသား ၁၄ ဦးသေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သင်္ဘောသားများအနေဖြင့် ဓာတ်ငွေ့များကို ရှုရှိုက်မိရာမှ အဆိပ်မိသေဆုံးရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA Novosti သတင်းအေဂျင်စီက ဆိုသည်။

၎င်းမတော်တဆမှုသည် ဇူလိုင် ၁ ရက်တွင် “ ရုရှားရေတပ်ဆိုင်ရာ လေ့လာစူးစမ်းမှုများပြုလုပ်စဉ်” ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သင်္ဘောသားများ အသက်ဆုံးရှုံးခဲ့ရကြောင်း နှင့် ၎င်းသင်္ဘောကို ရုရှားရေတပ်အခြေစိုက်စခန်း Severonmorsk သို့ဆွဲတင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အချင်းဖြစ်မှုနှင့်ပတ်သက်၍ ရုရှားရေတပ် ကာကွယ်ရေးဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov ဦးဆောင်၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဖြစ်စဉ်နှင့်ပတ်သက်၍ အချက်အလက်များတင်ပြရန် ရုရှားကာကွယ်ရေးဝန်ကြီးSergei Shoigu အား အမိန့်ပေးထားကြောင်း ကရင်မလင်နန်းတော်ထုတ်ပြန်ချက်အရ သိရသည်။

ပူတင်က သေဆုံးသွားသူများမှာ ထိပ်တန်းရေငုပ်သင်္ဘောဝန်ထမ်းများဖြစ်ကြောင်း နှင့် ၎င်းတို့သေဆုံးသွားခြင်းမှာ ရုရှားစစ်တပ်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသွားသူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြောင်း နှင့် ယင်းတို့အတွက်လိုအပ်သောအကူအညီများ ထောက်ပံ့ပေးရန် အမိန့်ပေးထားကြောင်း ၎င်း ကဆိုသည်။

ရုရှားကာကွယ်ရေးဝန်ကြီးShoigu သည် Severomorsk ရေတပ်အခြေစိုက်စခန်းသို့ကိုယ်တိုင်သွားရောက်၍ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ယင်းတွေ့ရှိချက်များကို သမ္မတအား ပြန်လည်အစီရင်ခံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.