Connect with us

Eastern Europe

ရုရှားနိုင်ငံက တပ်မတော်(ရေ)နေ့တွင် စစ်ရေးပြအခမ်းအနားကျင်းပရန်ရှိ

၂၀၁၈ ခုနှစ်တွင် ရုရှာတပ်မတော်(ရေ)နေ့ အခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက ရုရှားတပ်မတော်(ရေ) အထိမ်းအမှတ်စစ်ရေးပြအခမ်းအခမ်းအနားများကို ရုရှားတစ်နိုင်ငံလုံး နှင့် ဆီးရီးယားရှိ ၎င်း၏ ရေတပ်အခြေစိုက်စခန်းများတွင် ဇူလိုင်လ ၂၈ ရက် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၁၆ ရက်တွင်ပြောသည်။

အဆိုပါအခမ်းအနား ကို St. Petersburg နှင့် Kronshtadt တို့တွင် ကျင်းပမည့် အဆိုပါစစ်ရေးပြအခမ်းအနားများတွင် နောက်ဆုံးပေါ် စစ်လက်နက်များတပ်ဆင်ထားသော စစ်သင်္ဘော ၄၃ စီး၊ စစ်လေယာဉ် ၄၁ စီး နှင့် အတူ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ကျော်က စစ်ရေးပြချီတက်ကြမည်ဖြစ်ကြောင်း Shoigu က လက်နက်ကိုင်တပ်ဖွဲ့များ ၏ ခေါင်းဆောင်များ ပါဝင်သည့် အစည်းအဝေးတစ်ခုတွင်ပြောကြားခဲ့သည်။

ဇူလိုင်လ ၏ နောက်ဆုံးတနင်္ဂနွေတွင် ကျင်းပသော အဆိုပါရုရှားတပ်မတော် (ရေ) နေ့အခမ်းအနားသို့ တခြားနိုင်ငံများမှ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောသည်။ (Xinhua)