မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ အကြီးစား နျူကလီးယားဒုံးကျည်တပ် ခရုဇာစစ်သင်္ဘော Peter the Great သည် နိုင်ငံ မြောက်ပိုင်း Barents ပင်လယ်သို့နိုဝင်ဘာ ၃ ရက်က စစ်ရေးလေ့ကျင့်ရေးအစီအစဉ်အတွက်ဝင်ရောက် သွားခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
မော်စကို ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း မြို့တော် Arkhangelsk မြို့၌ ရုရှားပြည်ထောင်စုလုံခြုံရေးဌာန(FSB) အတွင်း အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် လူငယ်တစ်ဦးက အသေခံဗုံးခွဲမှုပြုလုပ်ခဲ့ရာ ၎င်းကိုယ်တိုင်သေဆုံးပြီး အခြား FSB အရာရှိ သုံး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရုရှားနိုင်ငံ...
မော်စကို ၊ အောက်တိုဘာ၂၄ ရက်(ဆင်ဟွာ) ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရန့်တို့သည် နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ အကြံပေး Yuri Ushakov က အောက်တိုဘာ ၂၃ ရက် တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ခရိုင်းမီးယားဒေသ Kerch ပေါ်လီနည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ရှုတ်ချအပြစ်တင်ကြောင်း ယူကရိန်းသမ္မတ Petro Poroshenkoက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ခရိုင်းမီးယားဒေသ Kerch မြို့ရှိကောလိပ်ကျောင်းတစ်ခု၌ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၉ ဦးသေဆုံးကြောင်း ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြောင်း နှင့် အခြား လူ ၄ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက...
မော်စကို ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ရုရှားနိုင်ငံ အာကာသတပ်ဖွဲ့သည် ပြည်တွင်း နှင့် ပြည်ပမှ ပစ်လွှတ်လိုက်သော ဒုံးပျံ နှင့် ပဲ့ထိန်းဒုံးကျည် အစင်းပေါင်း ၄ဝ ကျော်ကို ခြေရာခံခြင်း နှင့် ရှာဖွေဖော်ထုတ်ခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပိုင် Krasnaya...
မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ဒေသတွင် ပြုလုပ်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကော်မတီ(NAC) က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်က ရုရှားအပေါ်ပိတ်ဆို့မှုအသစ်များပြုလုပ်ခြင်းက အဓိပ္ပါယ်မရှိလုပ်ရပ်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က သြဂုတ် ၂၂ ရက်တွင် ပြောဆိုလိုက်ပါသည်။
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး စတီဗင်ဆေးဂဲလ်(Steven Seagal) အား ရုရှား-အမေရိကန် နှစ်နိုင်ငံ လူသားချင်းစာနာမှုဆက်ဆံရေး ၊ ဘုံယဉ်ကျေးမှု နှင့် သမိုင်းဝင်အမွေအနှစ် ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။