Connect with us

Eastern Europe

စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဟု ရုရှားနှင့်တူရကီ နှစ်နိုင်ငံ သမ္မတများက ဆို

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Kremlin နန်းတော်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁ ရက်(ဆင်ဟွာ)

နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်ရန် စစ်ရေးနည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်တို့သည် ဧပြီ ၃၀ ရက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

Kremlinနန်းတော် ဝက်ဆိုက်ဘ်၏ဧပြီ ၃၀ ရက်တွင် ဖော်ပြသည့် ကြေညာချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်တို့သည် ဧပြီ လဆန်းပိုင်းက ကျင်းပခဲ့သော ရုရှား-တူရကီ အဆင့်မြင့်အရာရှိ ပူးပေါင်းဆောင်ရွက်မှုကော်မတီ ၈ ကြိမ်မြောက်အစည်းအဝေး ရလဒ် များကို ဆွေးနွေးခဲ့ကြရာ နှစ်ဖက်ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုများကျယ်ပြန့်လာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများ၏ သဘောတူညီချက်များကို လက်တွေ့ ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကာ စစ်ရေးနည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဘုံစီမံကိန်းဆောင်ရွက်မှုများကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဆီရီးယားအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ Idlibဒေသတည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိရောက်သည့်နည်းလမ်းများနှင့် အကြမ်းဖက်များကို နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ရုရှား-တူရကီ အဆင့်မြင့်အရာရှိပူးပေါင်းဆောင်ရွက်မှုကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေးကို ဧပြီ ၈ ရက်က မော်စကိုတွင်ကျင်းပခဲ့ရာ ရုရှားမှ တူရကီသို့ S-400 လေကြောင်းကာကွယ်ရေးစနစ်ရောင်းချ ရန် သဘောတူညီချက်ကို အစီအစဉ်အရ အကောင်အထည် ဖော် ဆောင်ရွက်ရန်နှင့်စစ်ရေးအဆင့်မြင့် သိပ္ပံနည်းပညာ စသည့်ကဏ္ဍများကို ပူးပေါင်းဆောင်ရွက် သွားရန် နှစ်ဖက် သဘောတူညီခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.