Connect with us

Eastern Europe

သမ္မတပူတင်က နိုင်ငံခြားသားများအတွက် လျင်လျင်မြန်မြန်ဖြင့် ရုရှားနိုင်ငံသား လျှောက်ထားခွင့် လမ်းကြောင်းပုံစံအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အချို့သောနိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့များအတွက် အရိုးရှင်းဆုံးအစီအစဉ်တစ်ခုအောက်တွင် ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုပုံစံ အမိန့်ဒီဂရီတစ်ရပ်ကို မေ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတနန်းတော်က ဆိုသည်။

ယူကရိန်း ၊ အာဖဂန်နစ္စတန် ၊ အီရတ် ၊ ယီမင် နှင့် ဆီးရီးယား နိုင်ငံများကဲ့သို့သော နိုင်ငံမျိုးစုံမှ နိုင်ငံမဲ့များအတွက် ရိုးရှင်းသောအစီအစဉ်တစ်ခုအောက်တွင် ရုရှားနိုင်ငံသား ဖြစ်ခွင့်အတွက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရဝက်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်တစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားတွင် အမြဲတမ်းနေထိုင်လျက်ရှိသော ယူကရိန်းနိုင်ငံသားများ (သို့မဟုတ်) ခရိုင်းမီးယားဒေသ နှင့် Sevastopol ဒေသမှ မွေးဖွားသူများ (သို့မဟုတ်) ယာယီရုရှားနိုင်ငံ၌နေထိုင်ခွင့်ရရှိထားသူများသည် အဆိုပါ ရုရှားနိုင်ငံသားလျှောက်ထားခွင့် စာရင်းတွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားရေးအစီအစဉ် ဆုံးဖြတ်ချက်ကို သုံးလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ၎င်းအမိန့်သည် လက်မှတ်ရေးထိုးသည့်နေမှ စတင်ကာ အသက်ဝင်သွားမည်ဖြစ်သည်။

သမ္မတပူတင်က ပုန်ကန်မှုများဖြစ်ပွားနေသော Donetsk နှင့် Luhansk ဒေသများမှ ယူကရိန်းနိုင်ငံသားများအတွက် ရုရှားနိုင်ငံသား လျှောက်ထားခွင့်ကို အမိန့်တစ်ရပ်ကို ပြီးခဲ့သော ဧပြီ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ယူကရိန်းဖက်က ရှုမြင်ထားသည်။

အဆိုပါ လုပ်ဆောင်ချက်အား တုံ့ပြန်သည့်အနေဖြင့် ပြန်လည်ရွေးကောက်တင်မြှောက်ခံရသော ယူကရိန်းသမ္မတ Volodymir Zelensky က ယူကရိန်းနိုင်ငံအနေဖြင့် ဆင်းရဲဒုက္ခ ခံစားနေရသော ရုရှားပြည်သူများကို ယူကရိန်းနိုင်ငံသားဖြစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။(Xinhua)