Connect with us

Eastern Europe

ဗင်နီဇွဲလားအရေး ရုရှားနှင့်ဗင်နီဇွဲလား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည်

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Sergei Ryabkovအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Jorge Arreazaတို့ သည် မေ ၅ ရက်တွင် မော်စကို၌ တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင်ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးရာတွင် ဗင်နီဇွဲလားအခြေအနေနှင့် ဆက်စပ်နေ သည့် သက်ဆိုင်ရာအရေးကိစ္စများကိုတွေ့ဆုံနွေးမည်ဖြစ်ရာ အထူးသဖြင့် အချို့နိုင်ငံများ၏ လက်ရှိ ဗင်နီဇွဲလားအပေါ် ဖိအားပေးမှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားမီဒီယာများက Sergei Ryabkov၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoတို့ မေ ၆ ရက်တွင် ဖင်လန်နိုင်ငံ Rovaniemi၌ ဗင်နီဇွဲလားအရေးကို တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ထိုမတိုင်မီတစ်ရက်တွင် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခြင်းသည် ရုရှားအနေဖြင့် လက်ရှိအခြေအနေများကို ပိုမိုသိရှိနားလည်စေနိုင်သလို Mike Pompeo ဆိုလိုမည့်အကြောင်းအရာများကိုလည်း ပိုမိုကောင်းမွန်စွာဆုံးဖြတ်သုံးသပ်နိုင်မည်ဖြစ်ကြောင်း Sergei Ryabkovက ဆိုသည်။

ဗင်နီဇွဲလား ပြည်တွင်းရေးအခြေအနေသည် ယခုနှစ်ရက်တွင် တည်ငြိမ်နေပြီဖြစ်ရာ ဗင်နီဇွဲလားအစိုးရ အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဘက်ပေါင်းစုံကို နှိုးဆော်ထားကြောင်း သိရသည်။ ဗင်နီဇွဲလားပြည်သူများကသာ ၎င်းနိုင်ငံ၏အနာဂတ်ကို ဆုံးဖြတ်ပေးပိုင်ခွင့်ရှိကြောင်း ရုရှား သမ္မတ ပူတင်က မေ ၃ ရက်က အမေရိကန် သမ္မတ ထရမ့် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)