Connect with us

Eastern Europe

မော်စကိုမြို့လေဆိပ်တစ်ခု၌ လေယာဉ်မီးလောင်မှုဖြစ်ရာ လူ ၄၁ ဦးသေဆုံး


မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk မြို့သို့ဦးတည်ထွက်ခွာသော SSJ-100 ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၅ ရက်က မော်စကိုမြို့ Sheremetyevo နိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၄၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ယနေ့မေ ၆ ရက်တွင် အတည်ပြုခဲ့သည်။

“ ၄၁ ယောက်သေဆုံးသွားပါတယ်” ဟု ပို့ဆောင်ရေးဌာနဆိုင်ရာ မော်စကိုမြို့တော်၏ စုံစမ်းစစ်ဆေးရေးကော်မတီမှ Elena Markovskaya ၏ ပြောကြားချက်ကို ကိုးကား၍ Tass သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုလေဆိပ်၌ မီးလောင်ကျွမ်းနေသော လေယာဉ်အားတွေ့ရစဉ်(ဆင်ဟွာ)

အစောပိုင်းထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် ခရီးသည် ၇၈ ဦးလိုက်ပါလာကြောင်း နှင့် ၃၇ ဦးအသက်ရှင်ကျန်ရစ်ကြောင်း ကော်မတီက ဆိုသည်။

၎င်းလေယာဉ်သည် ဒေသစံတော်ချိန် ၁၈.၀၀ နာရီတွင် Sheremetyevo လေဆိပ်မှ စတင်ပျံသန်းတက်ပြီး မိနစ် ၄ဝ ခန့်အကြာတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

ထိုသို့အရေးပေါ်မဆင်းသက်မီ လေယာဉ်ကိုယ်ထည်၌ မီးလောင်ကျွမ်းခံခဲ့ရကြောင်း သတင်းအရင်းအမြစ်ကို ကိုးကား၍ Tass သတင်းက ဆိုသည်။

လေယာဉ်မှာ မိုးကြိုးပစ်ခံရခြင်းမှတဆင့် မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း အစောပိုင်းသတင်းများက ဆိုသည်။

လေယာဉ်ပေါ်လိုက်ပါသွားသူများ ၊ မျက်မြင်သက်သေများ ၊ လေယာဉ်အမှုထမ်းများ နှင့် လေကြောင်းလိုင်း အပါအဝင် အခြား လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သူအားလုံးကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117