Connect with us

Europe

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က အမေရိကန် နိုင်ငံ နှင့် အငြင်းပွားမှု အား ညှိနှိုင်းဖြေရှင်း သွားလိုကြောင်း ပြောကြား

အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု ခံခဲ့ရသည့် တူရကီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီး Süleyman Soylu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mevlüt Çavuşoğlu က တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် သံတမန်ရေးနည်းလမ်း ဖြင့် လက်ရှိဖြစ်ပွား နေသည့် အငြင်းပွားမှု ကို ဖြေရှင်းသွားလိုကြောင်း သြဂုတ်လ ၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က သြဂုတ်လ ၃ ရက် တွင် စင်ကာပူ နိုင်ငံ ၌ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆိုင်ရာ အစည်းအဝေး တက်ရောက်စဉ် အတွင်း အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံခဲ့ကြောင်း ၊ Mevlüt Çavuşoğlu က တွေ့ဆုံမှုတွင် အပြုသဘောဆောင်သည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ အချို့ကိစ္စရပ် များမှာ တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့် ဖြေရှင်းရန် ခက်ခဲသောကြောင့် နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု နှင့် ဆွေးနွေးမှု ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း တူရကီ နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ သိရှိရသည်။

လတ်တလော ရက်ပိုင်း အတွင်း တူရကီ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့အကြား အမေရိကန် နိုင်ငံ သား ခရစ်ယန် ဘုန်းတော်ကြီး Andrew Brunson အား လွတ်မြောက်ပေးရန် နှင့် ပတ်သက်၍ အငြင်းပွားမှု များ ဖြစ်ပွား ခဲ့ကြသည်။ အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က သြဂုတ်လ ၁ ရက် ၌ တူရကီ နိုင်ငံ မှ အမေရိကန် နိုင်ငံ သား ခရစ်ယန် ဘုန်းတော်ကြီး Andrew Brunson အား ဆက်လက် ထိန်းသိမ်း ထားခြင်း ကို အကြောင်းပြု၍ တူရကီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီး နှင့် တရားရေး ဝန်ကြီးဌာန ဝန်ကြီး တို့အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပိတ်ဆို့အရေးယူမှု အရ ၎င်းတို့ ၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ လုပ်ငန်းကုမ္ပဏီ နှင့် လူပုဂ္ဂိုလ် တို့မှ ၎င်းတို့နှင့် ပတ်သက်ဆက်သွယ်သူကို ကန့်သတ် လိုက်ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး ဌာန က အမေရိကန် နိုင်ငံ ၏ အရေးယူပိတ်ဆို့မှု နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး တုံ့ပြန်မှုများ ချက်ခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ သို့သော် သြဂုတ်လ ၃ ရက် ညပိုင်းအချိန်ထိ တူရကီ နိုင်ငံ မှ လက်တွေ့ကျသည့် တုံ့ပြန်ဆောင်ရွက်မှုမျိုး ကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.