Connect with us

Europe

ရုရှား နိုင်ငံ က မဟာဗျူဟာမြောက် နျူကလီးယား လက်နက် စွမ်းရည် စစ်ရေး လေ့ကျင့်မှု ပြုလုပ်

ရုရှား နိုင်ငံ ၏ နျူကလီးယား ထိပ်ဖူး တပ်ဆင်ထားသော တာဝေးပစ် ဒုံးကျည် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ နှင့် လက်နက်ကိုင် တပ်ဖွဲ့ များ၏ အမြင့်ဆုံး ဦးစီးချုပ် ပူတင် ၏ ညွှန်ကြားချက် အရ ရုရှား နိုင်ငံ အစိုးရ တပ်ဖွဲ့ က အောက်တိုဘာ ၁၁ ရက် ၌ မဟာဗျူဟာမြောက် နျူကလီးယား လက်နက် စွမ်းရည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ကြည်း ၊ ရေ ၊ လေ နျူကလီးယား လက်နက် အင်အား နှင့် တာဝေးပစ် ဒုံးကျည် သတိပေး စနစ် တို့ ပါ စစ်ရေး လေ့ကျင့်မှု တွင် ပါဝင် ခဲ့ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု အတွင်း တပ်ဖွဲ့များ က လက်နက် အင်အား ထိန်းချုပ်မှု စနစ် ကို စမ်းသပ် ခဲ့ပြီး ရုရှား နိုင်ငံ ကာကွယ်ရေး စီမံခန့်ခွဲမှု စင်တာ မှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် နေရာ သို့ ညွှန်ကြားချက် ပြုလုပ်ခြင်း ဆိုင်ရာ အာမခံချက်ရှိမှု နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ က Barents နှင့် Okhotsk ပင်လယ်ပြင် တို့ မှ Ballistic missiles, Cruise missiles နှင့် air-to-air missiles တို့ကို ပစ်လွှတ် ခဲ့ပြီး ရုရှား နိုင်ငံ မြေပြင် ရေဒါ တပ်ဖွဲ့ မှ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည် ကို တိုင်းတာနိုင်ခဲ့ကာ ဒုံးကျည် နှင့် ပတ်သက်သည့် အချက်အလက် များကိုလည်း ညွှန်ကြားမှု စင်တာ သို့ အောင်မြင်စွာ ပေးပို့နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.