ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂအထူးထိပ်သီး အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းနေသည့် တစ် နှစ်ကျော်...
ဟယ်လ်စင်ကီ ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ၌ ကိုယ်ပိုင်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူ ၅ ဦးအနက် ဖင်လန်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိ ၂ ဦး ပါဝင်ကြောင်း ဖင်လန်နိုင်ငံ မီဒီယာက နိုဝင်ဘာလ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
လန်ဒန်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏မြို့၄ မြို့သည် ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးထိပ်တန်းမြို့ ၁၀ မြို့စာရင်းတွင် ပါဝင် လာမည်ဟု ဗြိတိန်နိုင်ငံ Oxford စီးပွားရေးသုတေသနဌာနက ယခုရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အကြိုခန့်မှန်းချက်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
အန်ကာရာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်း Malatya ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပါရီ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Martigues မြို့၌ သန်းခေါင်ယံအချိန် တွင် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်စပ်နေသော သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူငယ်အမျိုးသား ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး ၌ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် ဆော်ဒီအိမ်ရှေ့စံ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က နိုဝင်ဘာ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံလန်ဒန်မြို ့အနောက်မြောက်ပိုင်းရှိ တိုက်တန်းလျားတစ်လုံးတွင် ဖောက်ခွဲရေး ပစ္စည်း နှစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုအဖြစ် အမှုဖွင့်ခဲ့ကြောင်း ဒေသမီဒီယာက နိုဝင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်နှင့်ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည့် ဥရောပသမဂ္ဂမှနုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ဗြိတိန် ဝန်ကြီးအဖွဲ့က သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း၊ ၎င်းမှာ အရေးကြီးသည့် ခြေလှမ်းတစ်ခုကို လျှောက်လှမ်းလိုက်ခြင်းပင်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဗလာဒီဗော့စ်တော့၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Kamchatkaကျွန်းဆွယ် အရှေ့ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၅ ရက်က ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပ သုတေသနဌာန Kamchatka ဌာနခွဲ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းလာ သည့် တစ် နှစ်ကျော် ကာလ တွင် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု...