Connect with us

Europe

ဗြိတိန်နိုင်ငံ လွှတ်တော်အမတ်အချို့ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိဟုဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူတစ်ဦးနှင့်ထိတွေ့ခဲ့သည်ဟု သတင်းရရှိပြီးနောက် ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်အချို့ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း Sky News က နိုဝင်ဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အလားတူအကြောင်းပြချက်ဖြင့် တစ်ကိုယ်ရေ သီးခြားနေထိုင်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျွန်ဆင်သည် အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်းတွင် လွှတ်တော်အမတ်ခြောက်ဦးနှင့် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း Sky News သတင်းအရ သိရသည်။ အဆိုပါ လွှတ်တော်အမတ်များအနက် Ashfield မဲဆန္ဒနယ်မှ လွှတ်တော်အမတ် Lee Anderson တွင် COVID-19 စစ်ဆေးတွေ့ရှိခဲ့သည်။ ယခုအခါ လွှတ်တော်အမတ်များအားလုံး သီးခြားနေထိုင်လျက်ရှိကြောင်း သိရသည်။

အခြားလွှတ်တော်အမတ်နှစ်ဦး ဖြစ်သည့် Marco Longhi နှင့် Matt Vickers တို့သည်လည်း ၎င်းတို့ တစ်ကိုယ်ရေသီးခြားစောင့်ကြည့်မှုခံယူနေရကြောင်းကြေညာခဲ့ပြီး နှစ်ဦးစလုံးသည် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS ၏ စစ်ဆေးမှု ခံယူခဲ့ကြောင်းနှင့် ထိတွေ့မှုခြေရာခံခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း Sky News က သတင်းဖော်ပြခဲ့သည်။

သို့သော်လည်း နိုဝင်ဘာ ၁၂ ရက် အစည်းအဝေးသို့ ၎င်းတို့နှစ်ဦး တက်ရောက်ခဲ့ခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Sky News က ပြောကြားခဲ့သည်။ဗိုင်းရပ်စ်ထိတွေ့မှုရှိခဲ့သောကြောင့် အသွားအလာစောင့်ကြည့်မှုခံယူနေရသည့် အခြား လွှတ်တော်အမတ်နှစ်ဦးမှာ Redcar နှင့် Cleveland မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဂျက်ကော့ယန်း နှင့် Basingstoke မဲဆန္ဒနယ်မှ လွှတ်တော်အမတ် မာရီယာမီလာ တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)