ဘရပ်ဆဲလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ တရားရုံးက ၂၀၁၅ ခုနှစ် ပဲရစ် အကြမ်းဖက်မှုနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် အုပ်စု တစ်ခု အား ဇူလိုင်လ ၅ ရက် က ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Kassel မြို့ရှိ လေဆိပ်တွင် ဇူလိုင်လ ၅ ရက်က ဗုံးလန့်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်တစ်စီးအား ရှာဖွေ ရှင်းလင်းပြီးနောက် လေဆိပ်လုပ်ငန်းများ ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။
ပဲရစ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ဆိုရှယ်လစ် ဝန်ကြီးချုပ်ဟောင်း မိုက်ကယ် ရိုကတ်ဒ် သည် ဇူလိုင်လ ၂ ရက်နေ့တွင် ကွယ်လွန် ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန် ၌ အသက် ၈၅နှစ် ရှိပြီးဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရီယို ၂၀၁၆ အိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများ အတွက် လက်မှတ် အသစ်များ ထုတ်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဇူလိုင်လ ၁ ရက်က ပြောကြားခဲ့သည်။
ဆစ်ဒနီ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ ရှေးဟောင်း အီဂျစ် မံမီ ခြောက်ခုသည် သြစတြေးလျနိုင်ငံသို့ လာရောက်ပြသမည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ် (NSW) အစိုးရက ဇွန်လ ၂၈ ရက်၌ ကြေညာလိုက်သည်။
လန်ဒန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဝန်ကြီးချုပ်ရာထူး ဆက်ခံမည့်သူအား မူလ သတ်မှတ်ချိန်ထက် တစ်ပတ်နောက်ကျ၍ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ရောမ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) စီရီးအေ ထိပ်တန်း အသင်းဖြစ်သော အေစီမီလန် ဘောလုံးအသင်း နည်းပြအဖြစ် ဗင်ဆင့်ဇို မွန်တဲလာ (Vincenzo Montekka) အား နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ကလပ်အသင်းက ဇွန်လ ၂၈ ရက်က ကြေညာလိုက်သည်။
ကုလသမဂ္ဂ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော် သည် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့သော တူရကီနိုင်ငံ အစ္စတန်ဘူလမြို့ ရှိ Ataturk လေဆိပ် ဗုံးပေါက်ကွဲမှု အား ဇွန်လ ၂၈ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ Ataturk လေဆိပ်တွင် ဇွန်လ ၂၈ ရက် ညပိုင်းက ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့၍ ၃၆ ဦး သေဆုံးပြီး ၁၄၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ဗုံးပေါက်ကွဲမှု...
နယူးယောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) သမိုင်းဝင် လူထုဆန္ဒခံယူပွဲ ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မည့်အရေး (Brexit) သေချာလာခဲ့ပြီး ကမ္ဘာ့အဓိက ငွေကြေးများနှင့် လဲလှယ်ရာတွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာခဲ့ကြောင်း သိရသည်။