Connect with us

Europe

ဆီးရီးယား အရှေ့ပိုင်းရှိ အိုင်အက်စ်ပစ်မှတ်များကို ရုရှား လေတပ်မှ ဗုံးကျဲတိုက်ခိုက်

ရုရှားတိုက်လေယာဉ်များ ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံလေတပ်မှ စစ်တပ်ဗုံးကျဲလေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ Deir ez-Zor ပြည်နယ် Abu Kamal မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများ၏ အခြေစိုက်စခန်းအား Tu-22M3 မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ၆ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ အဆိုပါစစ်ဆင်ရေးကို ဆီးရီးယားနိုင်ငံ အနောက်ပိုင်း Khmeimim လေတပ်အခြေစိုက်စခန်းမှ Su-30SM တိုက်ခိုက်ရေးလေယာဉ်များက အကာအကွယ်ပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်သမားများ ၊ ၎င်းတို့၏ စစ်ရေးအသုံးဆောင်ပစ္စည်းကိရိယာများ နှင့် စစ်လက်နက်များ အပါအဝင် ပစ်မှတ်အားလုံးကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်လေယာဉ်အားလုံးသည် စစ်ဆင်ရေးကိုအောင်မြင်စွာ ပြုလုပ်ပြီး အခြေစိုက်စခန်းသို့ပြန်လည်ဆင်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ရုရှားစစ်တပ်သည် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်တို့အခိုင်အမာ နောက်ဆုံးတပ်စွဲထားသည့် မြို့တစ်မြို့ဖြစ်သည့် Abu Kamal မြို့အနီး၌ လေကြောင်းတိုက်ခိုက်မှုများ နှင့် ရေငုပ်သင်္ဘောများမှတဆင့် တိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117