Connect with us

Europe

ဥရောပနှင့် အမေရိကန်တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ဥရောပနိုင်ငံများသို့ ခရီးသွားလာမှု သတိပေးချက်အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။

အဓိကမြို့ကြီးများ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေသည် ဒီဇင်ဘာ ၂၀ ရက်မှ ဇန်နဝါရီ ၂၀ရက်အတွင်း မြင့်တက်နိုင်ကြောင်း ဝန်ကြီးဋ္ဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဋ္ဌာန က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ဋ္ဌာနက ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်များရရှိထားကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ကလည်း ဥရောပနိုင်ငံများသို့ ခရီးသွားလာခြင်းနှင့် ပတ်သက်၍ သတိပေးနှိုးဆော်ချက်တစ်ခုကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေခြင်း နှင့် ပတ်သက်၍ ၎င်း၏ ပြည်သူများအား သတိပေးခဲ့ကြောင်း သိရသည်။

ဥရောပနိုင်ငံများအတွင်း မကြာသေးခင်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ကြည့်ရှုခြင်းအားဖြင့် IS စစ်သွေးကြွများ၊ အယ်လ်ကိုင်ဒါ စစ်သွေးကြွများ နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များသည် ဥရောပတိုက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ စီစဉ်လုပ်ဆောင်နိုင်ခြေ ရှိနေသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117