Connect with us

Europe

ဘယ်လ်ဂျီယံတွင် ရထားတိုက်မှုကြောင့် လူ ၂ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

ဘယ်လ်ဂျီယံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများစွာ သည် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelz မြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ရထားဖြင့် တိုက်မိခဲ့ပြီး ယင်းမတော်တဆမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကာ တစ်ဦးပျောက်ဆုံးနေပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Infrabel အလုပ်သမားများသည် ကားတစ်စီး ဝင်တိုက်မှုကြောင့် နိုဝင်ဘာ ၂၇ ရက်က ပျက်စီးသွားသည့် ရထားလမ်း အား ပြုပြင်နေစဉ် ပျက်စီးနေသည့် ရထားတစ်စီး ပြုတ်ထွက်လာကာ အလုပ်သမားများအား ဝင်တိုက်မိပြီးနောက် La Louviere မြို့ အနီးရှိ ခရီးသည်တင်ရထားတစ်စီးအားထပ်မံတိုက်မိကာ လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းရှိ ကယ်ဆယ်ရေးဝန်ထမ်းများအား ပြင်ပအဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။

ရထားမတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.