Connect with us

Europe

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နှင့် အမေရိကန်မင်းသမီးမက်ဟန်မာကဲလ်(Meghan Markle) တို့စေ့စပ်


လန်ဒန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ဗြိတိန်မင်းသား ဟယ်ရီ(Harry) နှင့် ၎င်း၏ချစ်သူ မက်ဟန်မာကဲလ်(Meghan Markle) တို့နှစ်ဦးသည် နိုဝင်ဘာလ အစောပိုင်းက လန်ဒန်မြို့တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ကြောင်း ဗြိတိသျှတော်ဝင်မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို ဝေလမင်းသား နှင့် Cornwall မြို့စားကြီး၏ ရုံးတော်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကို လာမည့်နှစ် နွေဦးရာသီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် မင်္ဂလာရက်မြတ် အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဗြိတိန်ထီးမွေနန်းလျာဆက်ခံခွင့်တွင် ပဉ္စမမြောက်နေရာ၌ ရှိနေသူ မင်းသားဟယ်ရီသည် အမေရိကန်သရုပ်ဆောင်မင်းသမီး နှင့် ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီးနောက်တွင် လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းဖြစ်သည်။ယင်းတောင်းခံမှုအား မင်းသမီးကလည်း ကြည်ဖြူစွာလက်ခံခဲ့ကြောင်း သိရသည်။

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နှင့် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Meghan Markle တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နှင့် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Meghan Markle တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နှင့် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Meghan Markle တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ထုတ်ပြန်ချက်ထဲတွင် ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်စ်က “ သားတော်မောင် မင်္ဂလာပွဲသတင်းကို ကြေညာဖို့ဝမ်းမြောက်မိကြောင်း နှင့် ဟယ်ရီသည် မာကဲလ်၏ မိဘထံမှ ကောင်းချီးမင်္ဂလာရရှိခဲ့ကြောင်း” ဖော်ပြထားသည်။

မင်းသားဟယ်ရီသည် လက်ထပ်ခွင့်အတွက် ၎င်း၏ဖွားတော်ဖြစ်သူ ဗြိတိန်ဘုရင်မကြီးထံ ခွင့်ပန်ကြား တောင်းခံခဲ့သည်ဟု ယုံကြည်ရကြောင်း သိရသည်။

ဟယ်ရီသည် မာကဲလ်နှင့်ချစ်သူဖြစ်နေကြောင်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်ထုတ်ဖော်ဝန်ခံခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။၎င်းတို့ချစ်သူနှစ်ဦးသည် အများပြည်သူရှေ့သို့ ယခုနှစ် စက်တင်ဘာလတွင် ပထမဆုံးအကြိမ် အတူတကွ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Rachel Zane တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ မာကဲလ်အား ၁၉၈၁ ခုနှစ် သြဂုတ်လ ၄ ရက်တွင် မွေးဖွားခဲ့ပြီး လောစ့်အိန်ဂျလိစ်မြို့တွင် ကြီးပြင်းခဲ့သူတစ်ဦးဖြစ်သော်လည်း လက်ရှိတွင် တိုရွန်တိုမြို့၌ နေထိုင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.