Connect with us

Europe

အယ်လ်ဘေးနီးယားတွင် အသက်ရှူကျပ်မှုကြောင့် ကျောင်းသား ၆၀ဦး ဆေးရုံတင်ရ

အယ်လ်ဘေးနီးယားရှိ ဆေးရုံတစ်ရုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီရာနာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်း ဘူလ်ကွီဇာမြို့ ရှူပန်ဇာရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၆၀ဦးခန့်သည် နိုဝင်ဘာ ၁၇ရက်တွင် အသက်ရှူကျပ်သည့် လက္ခဏာများခံစားခဲ့ရကြောင်း အယ်လ်ဘေးနီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ကျောင်းသား ၃၆ဦးကို ဘူလ်ကွီဇာ နှင့် ပက်ရှာကိုပီးရားမြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး ကျောင်းသား ၃ဦးသည် အခြေအနေစိုးရိမ်ရ၍ အထူးကုသမှုများခံယူရန် ၎င်းတို့အား တီရာနာရှိဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အသက် ၁၆နှစ် မှ ၁၈နှစ်အတွင်းရှိ ကျောင်းသားများတွင် အသက်ရှူကျပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်ခဲ့ကြောင်း ဆရာဝန်များက ပြည်တွင်းသတင်းဋ္ဌာနအားပြောကြားခဲ့သည်။

ဘူလ်ကွီဇာမြို့တော်ဝန် မယ်လ်အိန်းဒန်ဇီ က ယင်းဖြစ်စဉ်သည် မတော်တဆမှုတစ်ခုဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေပြီး ကနဦးစစ်ဆေးမေးမြန်းမှုများအရ စာသင်ကျောင်း၏ အပူပေးစနစ်အား စမ်းသပ်စဉ် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ယင်းအခြေအနေဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117