Connect with us

Europe

ဘယ်လ်ဂျီယံတွင် စတီးစက်ရုံပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိ

ArcelorMittal ကုမ္ပဏီပိုင် စတီးစက်ရုံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဂန့်မြို့ရှိ ArcelorMittalစတီးအလုပ်ရုံ ၌ နိုဝင်ဘာ ၂၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။

VTM သတင်းဋ္ဌာနက ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြေအနေစိုးရိမ်ရကြောင်းဖော်ပြခဲ့သည်။ ထို့ပြင် ပေါက်ကွဲမှုကြောင့် လူအချို့ပျောက်ဆုံးနေသည့် သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။

စတီးကုမ္ပဏီ၏ သိုလှောင်ရုံတစ်ခု၌ နေ့လည် ၃နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှ လူအများအပြားကို နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း နှင့် ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ပြည်တွင်းမီးသတ်ဝန်ထမ်းများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်ပြီး စစ်ထုတ်သည့် ကိရိယာတစ်ခု၏ ဆားကစ်ပတ်လမ်းတိုဖြစ်ပေါ်မှုကြောင့် ဖြစ်ကြောင်း သတင်းအချို့ကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်အား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အခင်းဖြစ်ပွားရာအနီးတွင် အဆိပ်သင့်ဓါတ်ငွေ့များ ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.