Connect with us

Europe

ဂျာမနီ နိုင်ငံ သမ္မတရုံး မှ ဂျာမနီ နိုင်ငံ သမ္မတ ဟောင်း Roman Herzog ကွယ်လွန်ကြောင်း ထုတ်ပြန်

ဂျာမနီ နိုင်ငံ သမ္မတ ဟောင်း Roman Herzog အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ သမ္မတ ရုံး မှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဂျာမနီ နိုင်ငံ ၏ သမ္မတဟောင်း ဖြစ်သူ Roman Herzog သည် ထို့နေ့တွင် ဘာလင်၌ အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျာမနီ နိုင်ငံ သမ္မတ Joachim Gauck က သမ္မတဟောင်း Roman Herzog ကွယ်လွန်ခြင်းအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး Herzog အနေဖြင့် ဂျာမနီ နိုင်ငံ အတွက် ကြီးမားသော ပေးဆပ်မှု များပြုလုပ် ခဲ့ကြောင်း ၊ ပြည်သူလူထု တို့၏ ချစ်ခင်လေးစားခြင်းကို ခံရပြီး ဂျာမနီ လူမှုဘဝ တိုးတက်ဖွံ့ဖြိုးရေး အတွက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၊ Herzog ၏ အရေးပါသည့် လုပ်ငန်း တစ်ခု အနေဖြင့် ဂျာမနီ နိုင်ငံ အား နာဇီကာလ ကို ပြန်လည် သုံးသပ်ရန် နှိုးဆော်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ နိုင်ငံ သမ္မတ ဟောင်း Roman Herzog သည် ၁၉၃၄ ခုနှစ်တွင် ဂျာမနီ နိုင်ငံ Bavaria ပြည်နယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ ခုနှစ်တွင် ခရစ်ယာန် ဒီမိုကရက်တစ် အဖွဲ့ချုပ် သို့ဝင်ရောက်ခဲ့ပြီး ထိုနောက်တွင် Baden-Württemberg ပြည်နယ် ၏ ပြည်ထဲရေး ဝန်ကြီး နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ တာဝန်များကိုထမ်းဆောင် ခဲ့သည်။၁၉၉၄ ခုနှစ် မှ ၁၉၉၉ ခုနှစ် အထိ ဂျာမနီ နိုင်ငံ သမ္မတ အနေဖြင့် တာဝန် ထမ်းဆောင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.