Connect with us

Europe

ဂျာမနီနိုင်ငံ စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွား ၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံတွင် ဇွန် ၂၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်လေယာဉ်ပျက်ကျမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြောက်ပိုင်း Lower Saxonyပြည်နယ်တွင် ဇူလိုင် ၁ ရက်က စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါရဟတ်ယာဉ်သည် ဇူလိုင် ၁ ရက် နေ့လည်ပိုင်းက Lower Saxony ပြည်နယ် Aerzen

ဒေသ Hannover မြို့ ၏ ၆၀ ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဂျာမနီ Bildသတင်းစာက ဆိုသည်။ အချင်းဖြစ်ရပ်တွင် လေယာဉ်မှူးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သလို အခြားလူ တစ်ဦး ဒဏ်ရာရအပြင်းအထန်ရရှိခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို အသေးစိတ် မသိရသေးကြောင်း သိရသည်။

ရဟတ်ယာဉ်သည် သစ်တောထဲကို ပျက်ကျခဲ့သောကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချင်းဖြစ်နေရာသို့ သွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

အချင်းဖြစ်ပွားမှုမှာ တပတ်အတွင်း ဂျာမနီ၌ဖြစ်ပွားသည့် ဒုတိယအကြိမ်မြောက်စစ်လေယာဉ်ပျက်ကျမှုဖြစ်သည်။ ဇွန် ၂၄ ရက်က ဂျာမနီ လေတပ် တိုက်လေယာဉ်နှစ်စီး ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင် တိုက်မိပြီးပျက်ကျမှုဖြစ်ပွားရာ လေယာဉ်မှူး နှစ်ဦး လေထီးဖြင့် ခုန်ချခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.