Europe
ဂျာမနီလေဆိပ် မှ ဗုံးလန့်မှု ဖြစ်ပွားခဲ့သည့် လေယာဉ် အား ရှာဖွေရှင်းလင်း
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ အနောက်ပိုင်း Kassel မြို့ရှိ လေဆိပ်တွင် ဇူလိုင်လ ၅ ရက်က ဗုံးလန့်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်တစ်စီးအား ရှာဖွေ ရှင်းလင်းပြီးနောက် လေဆိပ်လုပ်ငန်းများ ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ရှိ ခရီးဆောင်အိတ် တစ်လုံးအား ပိုက်စိပ်တိုက် ရှာဖွေသော်လည်း အန္တရာယ်ရှိသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း လေဆိပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် ဗုံးတစ်လုံး ပါလာကြောင်း အမည်မသိသူ တစ်ဦး၏ သတိပေးချက် ရရှိပြီးနောက် ယင်း လေယာဉ်သည် တူရကီနိုင်ငံသို့ မထွက်ခွာမီ ဘေးကင်းအောင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ဂျာမနီမီဒီယာ Focus အွန်လိုင်း သတင်းဋ္ဌာနက ဇူလိုင်လ ၅ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ပြည်တွင်း ရဲတပ်ဖွဲ့များက လူတစ်ဦးသည် ထွက်ခွာဧရိယာအတွင်းရှိ လေယာဉ် တစ်စီးပေါ်၌ အန္တရာယ်ရှိပစ္စည်းများ ထည့်လာသည့် ခရီးဆောင်အိတ်တစ်လုံး ပါလာသည်ဟု ဖုန်းဖြင့် သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအခါတွင် ခရီးသည် ၁၂၈ ဦး လိုက်ပါလာသည့် ယင်းလေယာဉ်သည် ၎င်း၏ ခရီးစဉ်ဖြစ်သည့် တူရကီနိုင်ငံ၊ အန်တယ်ရာ မြို့သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)