Europe
ဆွီဒင် နိုင်ငံ တွင် ရထား တစ်စင်း နှင့် စစ်ဘက်ဆိုင်ရာ တင့်ကား တစ်စင်း တိုက်မှု ဖြစ်ပွား
စတော့ဟုမ်း ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဆွီဒင် နိုင်ငံ မြို့တော် စတော့ဟုမ်း ၌ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်း တွင် ရထား တစ်စင်း နှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့် တင့်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
ဆွီဒင် နိုင်ငံ ရုပ်သံဌာန က စက်တင်ဘာ ၂၆ ရက်နေ့ ထုတ်လွှင့်ခဲ့သည့် သတင်း တွင် မတော်တဆမှု သည် ဆွီဒင် နိုင်ငံ မြို့တော် တောင်ပိုင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မတော်တဆမှုကြောင့် ခရီးသည် ၇၀ ဦး လိုက်ပါခဲ့သည့် ရထား တွဲချော်မှုဖြစ်ပွား ခဲ့ကာ တင့်ကား ပေါ်ရှိ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
ဆွီဒင် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ချက်အရ ဆွီဒင် နိုင်ငံ တွင် စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ နိုင်ငံပေါင်းစုံ စစ်ရေးပူးပေါင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ရာ စစ်ရေးလေ့ကျင့်မှု သည် စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပြီး ဆွီဒင် နိုင်ငံ မှ တပ်ဖွဲ့ဝင်ပေါင်း ၁၉,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)