Connect with us

Europe

ယူကရိန်း နိုင်ငံ ၏ အဓိက လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား

ယူကရိန်း နိုင်ငံ တွင် မတ်လ ၂၃ ရက်နေ့၌ လက်နက်သိုလှောင်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိယက်ဗ် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အလယ်ပိုင်း Vinnytsia ပြည်နယ် Kalinovka မြို့ အနီးရှိ လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု သည် စက်တင်ဘာ ၂၆ ရက်နေ့ညပိုင်း အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် သေဆုံး ဒဏ်ရာရရှိမှု စာရင်း ကို မထုတ်ပြန်သေးကြောင်း သိရှိခဲ့ရသည်။

ယူကရိန်း နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ပေါက်ကွဲမှု သည် ဒေသစံတော်ချိန် ၂၆ ရက်နေ့ ၂၁ နာရီ ခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် သိုလှောင်ရုံ တွင် လက်နက်ခဲယမ်း ပေါင်း ၁၈.၈ တန် သိုလှောင် ထားကာ ယူကရိန် နိုင်ငံ ၏ အဓိက လက်နက် သိုလှောင်ရုံ တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ယူကရိန်း နိုင်ငံ ပြည်ထဲရေး ဌာန ၏ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိချိန်တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်နိုင်သည့် လမ်းများကို ပိတ်ဆို့ထားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု တို့ကို လုံခြုံရာ သို့ရွှေ့ပြောင်း ပေးခဲ့ကြောင်း ၊ သိုလှောင်ရုံ အတွင်းရှိ လက်နက်ခဲယမ်း များသည် ကောင်းကင်အထက် သို့ လွှင့်စင် ပေါက်ကွဲခဲ့ကြပြီး လက်ရှိအချိန်တွင် အနီးပတ်ဝန်းကျင် ၅၀ ကီလိုမီတာ အတွင်း ဒေသ များကို ပိတ်ဆို့မှု များပြုလုပ်ထားကြောင်း သိရှိခဲ့ရသည်။

ယူကရိန်း နိုင်ငံ တွင် မတ်လ ၂၃ ရက်နေ့ကလည်း လက်နက်သိုလှောင်ရုံ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သေးပြီး ၁ ဦးသေဆုံး ကာ လူအများ ဒဏ်ရာရရှိခဲ့သည်။အခင်းဖြစ်ပွားပြီးနောက် ယူကရိန်း နိုင်ငံ လုံခြုံရေး ဌာန က ပေါက်ကွဲမှု သည် လူတစ်ဦးတစ်ယောက် မှ မောင်းသူမဲ့ လေယာဉ် ဖြင့် ပေါက်ကွဲစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.