Connect with us

Europe

တူရကီ၌ အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် တူရကီ ပညာရေး ဝန်ထမ်း ၁၅,၂၀၀ ကို တာဝန်မှ ရပ်စဲ

တူရကီ အစိုးရအား ထောက်ခံသူများက အလံများကိုင်ဆောင်ကာ မြို့တော် အန်ကာရာတွင် လမ်းလျှောက်နေကြစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် ညပိုင်းက အာဏာသိမ်းရန် ကြိုးပမ်းမှုအား ကြိုးကိုင်သူဟု စွပ်စွဲခံထားရ သည့် Fethullah Gulen နှင့် ဆက်စပ်လျက်ရှိသည်ဟု သံသယရှိသော ပညာရေး ဝန်ထမ်း ၁၅,၂၀၀ ဦးအား တာဝန်မှ ရပ်စဲလိုက်ကြောင်း တူရကီနိုင်ငံ အမျိုးသား ပညာရေးဝန်ကြီးဋ္ဌာနမှ ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် ဇူလိုင်လ ၁၉ ရက်က စာဖြင့် ရေးသား ထုတ်ပြန်ထားသည့် ကြေညာချက်၌ ပြောကြားထားသည်။

“ရည်ရွယ်ချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်၊ ဒီလုပ်ငန်း အောင်မြင်ဖို့ ပြည်သူတွေကလဲ သတင်း ပေးနိုင်တယ်” ဟု ယင်း ထုတ်ပြန်ချက်၌ ရေးသား ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များမှ ဋ္ဌာနမှူး ၁,၅၅၇ ဦးအား ရာထူးမှ နုတ်ထွက်ပေးရန် တူရကီ အဆင့်မြင့် ပညာရေး ဘုတ်အဖွဲ့က ညွှန်ကြားထားကြောင်း Hurriyet သတင်းက ဖော်ပြထားသည်။
တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင် ဖြစ်ခဲ့ပြီးနောက် ယင်းနှင့် ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲခံရသည့် တပ်မတော် ထိပ်ပိုင်း အရာရှိများ၊ တရားရေး အဆင့်မြင့် အရာရှိများအား အကြီးအကျယ် ဖမ်းဆီးမှုများ ပြုလုပ်နေစဉ်အတွင်း ယခုလို တာဝန် ရပ်စဲမှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.