Connect with us

Europe

ရက်ပေါင်းများစွာ လောင်ကျွမ်းခဲ့သည့် ရုရှားတောမီး အား အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့

ရုရှားနိုင်ငံ အရှေ့ပိုင်း Yakutia ဒေသ၌ တောမီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗလာဒီဗိုစတော့ခ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အရှေ့ပိုင်း Yakutia ဒေသ၌ ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းပါ ဧရိယာ အတွင်းရှိ သစ်တော ဟက်တာပေါင်း ၃,၀၀၀ ကျော် ကို ရက်ပေါင်းများစွာ ဝါးမြိုဖျက်ဆီးခဲ့သည့် တောမီးကြီးအား အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း သစ်တောဦးစီးဋ္ဌာန က ဇူလိုင်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တောမီးသည် Lena Pillars သဘာဝ ဥယျာဉ်တွင် ဇွန်လ ၂၈ ရက်ကစ၍ လောင်ကျွမ်းနေခဲ့ခြင်း ဖြစ်ကြောင်း ဋ္ဌာန ကဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း Yakutia ဒေသ၌ တောမီးလောင်ကျွမ်းမှု ၁၀၉ ခု ဖြစ်ပွားခဲ့ပြီး ဟက်တာပေါင်း ၈,၀၀၀ ကျော် မီးလောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.