Connect with us

Europe

နယူးဇီလန်ကျွန်းဆွယ်မြောက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး

နယူးဇီလန် ရဲတပ်ဖွဲ့ဝင်အချို့လုံခြုံရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ--အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံမြောက်ပိုင်းကျွန်း Kawhia ကမ်းခြေအနီး တွင် ဇွန်လ ၆ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ရပ်ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ၏ အစီရင်ခံစာအရ အဆိုပါသေနတ်ပစ်ခတ်မှု သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စုံထောက်အရာရှိ Graham Pitkethley က ကြေညာချက်တွင် ပြောကြားခဲ့သည်။

အခြားသုံးဦးလည်း အဆိုပါသေနတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေစိုးရိမ်စရာမရှိကြောင်း အစီရင်ခံစာတွင်ပါရှိကြောင်း ၊ လူတစ်ဦးက ရဲများ၏ မေးမြန်းစုံစမ်းမှုအား ကူညီပေးခဲ့ကြောင်း၊ Pitkethley ကပြောသည်။ ရဲတပ်ဖွဲ့ ၏ မေးမြန်းချက်များ နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား သတင်းအချက်အလက်များကူညီပေးရန် ပြည်သူများအားတိုက်တွန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.