Europe
ပြင်သစ်နိုင်ငံ အရှေ့ပိုင်း၌ မီးလောင်မှုဖြစ်ပွား ၅ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

ပါရီ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Mulhouse မြို့၌ အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် လူနေတိုက်ခန်း တစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခန်း လှေကားခွင် မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မီးလောင်မှုကို ထိန်းချုပ်ရန် မီးသတ်သမား ၅ဝ ဦးက ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း ပြင်သစ်နိုင်ငံပိုင် BFMTV ရုပ်သံဌာနက ဆိုသည်။
Mulhouse မြို့သည် ပြင်သစ်နိုင်ငံ Alsace ဒေသတွင် ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)