Connect with us

Europe

ပြစ်သစ်ဝန်ကြီးချုပ်ဟောင်း မိုက်ကယ် ရိုကတ်ဒ် အသက် ၈၅နှစ် အရွယ်၌ ကွယ်လွန်

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း မိုက်ကယ် ရိုကတ်ဒ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပဲရစ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဆိုရှယ်လစ် ဝန်ကြီးချုပ်ဟောင်း မိုက်ကယ် ရိုကတ်ဒ် သည် ဇူလိုင်လ ၂ ရက်နေ့တွင် ကွယ်လွန် ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန် ၌ အသက် ၈၅နှစ် ရှိပြီးဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ရိုကတ်ဒ်သည် ၁၉၈၈ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ ပြင်သစ်သမ္မတ ဖရန်ဆွာ မစ်တာရန် လက်အောက်တွင် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ၁၉၉၃ ခုနှစ်မှ ၁၉၉၅ခုနှစ် အထိ ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးမှူး (၁) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း သိရသည်။
ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒို က မိုက်ကယ် ရိုကတ်ဒ်အား ပြင်သစ်နိုင်ငံ၏ ကြီးမြတ်သော လူသား တစ်ဦး အဖြစ် တင်စားခေါ်ဝေါ်ခဲ့ပြီး ၎င်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Manuel Valls ကလည်း မိုက်ကယ် ရိုကတ်ဒ် သည် ကိုလိုနီနယ်ချဲ့ စနစ် နှင့် ဗဟိုချုပ်ကိုင် အုပ်ချုပ်ရေး စနစ်ကို တွန်းလှန်ခဲ့သည့် သူရဲကောင်းအဖြစ် လည်းကောင်း၊ ကမ္ဘာကြီးပူနွေးလာမှု နှင့် ပတ်သက်၍ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် ရှေ့ဆောင် တစ်ဦး အဖြစ်လည်းကောင်း တင်စား ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.