Europe
ဗြိတိန် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်အများဆုံး ရရှိနေ

လန်ဒန် ၊ မေ ၈ ရက် (ဆင်ဟွာ)
မေလ (၇) ရက်တွင် ကျင်းပသည့် ဗြိတိန် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ပါတီ ဖြစ်သည့် ကွန်ဆာဗေးတစ်ပါတီ (Conservative Party ) သည် အမတ်နေရာ အများဆုံး ရရှိနေကြောင်း သိရသည်။
မေလ (၈) ရက် ၀၆း၄၀ တွင် ကွန်ဆာဗေးတစ်ပါတီက ၂၈၂ နေရာရရှိသွားပြီ ဖြစ်သည်။ လေဘာပါတီ (Labor Party) ကို ကျော်လွန်ကာ ကွန်ဆာဗေးတစ် ပါတီက ၆၆ နေရာ ရရှိသွားပြီ ဖြစ်သည်။
မဲဆန္ဒနယ် ၆၄ နေရာတွင် အနိုင်ရရှိသည့် စာရင်းကို တရားဝင် ကြေငြာခဲ့ပြီး ဖြစ်သည်။ (Xinhua)