Connect with us

Europe

အမေရိကန်မှ ပြင်သစ် သမ္မတ သုံးဆက်၏ ဆက်သွယ် ပြောဆိုမှုများကို ထောက်လှမ်း နားထောင်ခဲ့

ပြင်သစ် သမ္မတဟောင်း များဖြစ်ကြသည့် Jacques Chirac , Nicolas Sarkozy နှင့် လက်ရှိ ပြင်သစ် သမ္မတ Francois Hollande (ဘယ်မှညာ) (ဆင်ဟွာ)

ပဲရစ် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် အမျိုးသား လုံခြုံရေး ဌာနသည် ပြင်သစ် သမ္မတများ ဖြစ်ကြသော Jacques Chirac , Nicolas Sarkozy နှင့် Francois Hollande တို့၏ ဖုန်းဆက်သွယ်ပြောဆိုမှု များကို ၂၀၀၆ ခုနှစ်မှ စတင်၍ ၂၀၁၂ ခုနှစ် မေလ ပိုင်းအထိ ထောက်လှမ်း နားထောင်ခဲ့ပြီး အရေးကြီး အခြေအနေနှင့် သတင်းအချက်အလက် များကို ရယူခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့က ပြင်သစ် မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

“Wikileaks” ဝက်ဘ်ဆိုဒ်မှ အမေရိကန် အမျိုးသား လုံခြုံရေး ဌာန၏ ပြင်သစ် သမ္မတ Jacques Chirac , Nicolas Sarkozy နှင့် Francois Hollande တို့၏ ဖုန်းဆက်သွယ်ပြောဆိုမှု များကို မကြာခဏ ထောက်လှမ်း နားထောင်ပြီး တင်ပြ ထားသော စာတမ်း (၅) ခု ကို ရရှိခဲ့သည်။ ထို စာတမ်းများတွင် ပြင်သစ် သမ္မတ (၃) ဆက်၏ နိုင်ငံရေး ဆောင်ရွက်မှုနှင့် ထူးခြားသည့် ဆုံးဖြတ်ချက်များ စသည့် ထိပ်တန်း လျှို့ဝှက်ချက်များ ပါဝင်သည်။

သတင်းဖော်ပြချက် များအရ ၎င်းစာတမ်းများသည် အမေရိကန် အမျိုးသား လုံခြုံရေး ဌာန တာဝန်ရှိသူနှင့် သတင်း အချက်အလက် စနစ်၏ ထိပ်တန်း အရာရှိများ ဖတ်ရှုရန် သီးသန့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ပြင်သစ် နိုင်ငံ အရာရှိ အချို့သည်လည်း အမေရိကန်မှ စောင့်ကြည့် နားထောင်ရန် ပစ်မှတ်များ ဖြစ်ခဲ့ကြောင်းလည်း သတင်း ဖော်ပြချက်တွင် ပါရှိသည်။

“Wikileaks” ဝက်ဘ်ဆိုဒ်မှ နောက်ဆုံး ပေးပို့ခဲ့သော စာတမ်းသည် ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်နေ့ တွင်ပြီးဆုံးခဲ့ပြီး ထိုစာတမ်း မပြီးဆုံးခင် တစ်ပတ်ခန့်တွင် Hollande သည် ပြင်သစ် သမ္မတ ရာထူးကို တာဝန်ယူ ခဲ့သည်။ စာတမ်းတွင် ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ ၌ Hollande မှ ပြင်သစ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေသော Jean Marc နှင့် ပဲရစ်တွင် လျှို့ဝှက် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူ ခဲ့သည့် အကြောင်း ၊ ယူရိုငွေကြေး ရပ်ဝန်းတွင် ရင်ဆိုင်နေရသော အခက်အခဲ အကြောင်း ၊ အထူးသဖြင့် ဂရိ နိုင်ငံ အနေဖြင့် ယူရိုငွေကြေး ရပ်ဝန်းမှ ထွက်ခွာခဲ့ပြီးနောက် ဖြစ်ပွားလာမည့် အခက်အခဲများ ဆွေးနွေးမှု များပါဝင်ခဲ့သည်။

ပြင်သစ် မီဒီယာ များမှ “Snowden event” ကိစ္စရပ်ကြောင့် ပြင်သစ်-အမေရိကန် ဆက်ဆံရေး ထိခိုက် ခဲ့သည့် အရှိန် မပျောက်ကွယ်သေးသည့် အချိန်တွင် ပြင်သစ် သမ္မတ သုံးဆက်၏ ဆက်သွယ်ပြောဆိုမှု များကို ထောက်လှမ်း နားထောင် ခဲ့သည့် ကိစ္စရပ် ပေါ်ထွက်လာခြင်းသည် အမေရိကန်၏ ပြင်သစ် စသည့် မဟာမိတ် နိုင်ငံ များအပေါ် သံသယ ထားရှိခြင်းနှင့် မယုံကြည်ခြင်းကို ပေါ်လွင်စေပြီး ပြင်သစ် – အမေရိကန် ဆက်ဆံရေး အပြင် ဥရောပ-အမေရိကန် ဆက်ဆံရေးသည်လည်း ထိခိုက် လာနိုင်ဖွယ် ရှိကြောင်း ရေးသား ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.