Connect with us

Europe

ဘယ်လ်ဂျီယံ တရားရုံးက ပဲရစ် အကြမ်းဖက်မှု တရားခံများအား ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်

ပဲရစ် အကြမ်းဖက်မှု အတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းပေးနေကြစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ တရားရုံးက ၂၀၁၅ ခုနှစ် ပဲရစ် အကြမ်းဖက်မှုနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် အုပ်စု တစ်ခု အား ဇူလိုင်လ ၅ ရက် က ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

အဓိက တရားခံ သုံးဦးဖြစ်သည့် Marouane El Bali, Schofield El Abdi နှင့် Mohamed Arshad တို့အား အကြမ်းဖက် အုပ်စု ဖြစ်သည့် IS စစ်သွေးကြွ အဖွဲ့တွင် ပါဝင်နေ၍ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ၁၆နှစ် ချမှတ်ခဲ့ပြီး လေးယောက်မြောက် ဖြစ်သည့် Omar Damache အား ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
တရားလို ရှေ့နေများက တရားရုံးရှိ တရားခံများသည် ဆီးရီးယားတွင် IS အဖွဲ့နှင့် အတူ တိုက်ပွဲဝင်ပြီး ပြန်ရောက်လာခြင်း ဖြစ်ကာ ပဲရစ် အကြမ်းဖက်မှု၏ ခေါင်းဆောင် ဖြစ်သည့် Abdelhamid Abaaoud မှ တစ်ဆင့် IS အဖွဲ့ နှင့် ပုံမှန်ဆက်သွယ်မှု ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
Abdelhamid Abaaoud အား ပဲရစ်မြို့ရှိ Saint-Denis ဆင်ခြေဖုံး ဧရိယာ၌ နိုဝင်ဘာလက စီးနင်းမှု တစ်ခု အတွင်း အသေ ဖမ်းဆီးနိုင်ခဲ့သည်။
ယင်းအမှု၏ တရားသူကြီး ဖြစ်သူ Pierre Hendrickx က အဆိုပါ အကြမ်းဖက် အုပ်စုငယ်သည် ၂၀၁၅ ခုနှစ် အစောပိုင်းက ဘရပ်ဆဲလ် ရှိ Zaventem လေဆိပ်အား ပစ်မှတ်ထားခဲ့ပြီး ယင်းလေဆိပ်သည် ၂၀၁၆ ခုနှစ် မတ်လ၂၂ ရက် ဘယ်လ်ဂျီယံတွင် နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ အနက် တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အကြမ်းဖက် အုပ်စုငယ်အား ရဲတပ်ဖွဲ့က ဂျာမနီနိုင်ငံနယ်စပ်နှင့် ဆက်စပ်နေသည့် ဘယ်လ်ဂျီယံ အရှေ့ပိုင်း Verviers မြို့၌ ၂၀၁၅ခုနှစ် ဇန်နဝါရီလ စီးနင်းမှု အတွင်း ဖြိုခွဲနိုင်ခဲ့ပြီး စုစုပေါင်း တရားခံ ၁၆ ဦး ဖမ်းဆီးနိုင်ခဲ့ကာ ၉ ဦး လွတ်မြောက် ကျန်ရှိနေခဲ့ကြောင်း သိရသည်။
စီးနင်းမှု အတွင်း ရဲတပ်ဖွဲ့သည် ဖောက်ခွဲရေးပစ္စည်း ၆ ကီလိုမီတာ ပြုလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.