Europe
ဘူတန်နိုင်ငံမှ ဝမ်းဗိုက်ချင်းဆက်အမွှာအား သြစတြေးလျနိုင်ငံရှိ ဆေးရုံတွင် ခွဲစိတ်ပြီးနောက် ကျန်းမာရေးကောင်းမွန်
ဆစ်ဒနီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အသက် ၁၅ လသားအရွယ် ဝမ်းဗိုက်ချင်းဆက် ဘူတန်နိုင်ငံသား အမွှာညီအစ်မအား ပြီးခဲ့သည့် သီတင်းပတ်က သြစတြေးလျနိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ခွဲစိတ်ပြီးနောက် ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်သေးကြောင်း ဆေးရုံဝန်ထမ်း၏ အဆိုအရ သိရသည်။
“သူတို့ အိပ်ရာတစ်ခုတည်းမှာ အတူတူလှဲနေကြတယ်” ဟု မဲလ်ဘုန်း ကလေးဆေးရုံမှ ပြောခွင့်ရအမျိုးသမီး Julie Webber က နိုဝင်ဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
“သူနာပြုတွေက သူတို့ကို အတူတူထားထားတယ်။ သူတို့ တစ်ယောက်တခြားစီ ခွဲထုတ်လိုက်တဲ့အတွက် နည်းနည်းတော့ ဂနာမငြိမ်ဖြစ်နေသေးတယ်။ ဝမ်းဗိုက်ချင်းဆက်ခဲ့တုန်းကလိုပဲ သူတို့ခြေထောက်တွေကို ချိတ်ထားကြတယ်” ဟု Webber က ဆိုသည်။
ဝမ်းဗိုက်ချင်းဆက် ဘူတန်မိန်းကလေးငယ်အမွှာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဝမ်းဗိုက်ချင်းဆက် ဘူတန်မိန်းကလေးငယ်အမွှာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
Webber ၏ အဆိုအရ ဘူတန်နိုင်ငံမှ အမွှာမိန်းကလေးများဖြစ်သော Nima နှင့် Dawa တို့သည် ကျန်းမာရေးအခြေအနေ “တော်တော်လေးကောင်းမွန်ကြောင်း” နှင့် လက်ခုပ်တီးကြောင်း၊ တစ်ဦး၏ဆံပင်ကို တစ်ဦးက ဆွဲကြကြောင်း၊ အစာ အဖတ်များကိုလည်း စားနေကြောင်း သိရသည်။
ဝမ်းဗိုက်ချင်း ချိတ်ဆက်ထားပြီး အသည်းတစ်ခုတည်းရှိသော ထို မိန်းကလေးများကို ခွဲစိတ်မှုကို ခွဲစိတ်ဆရာဝန်၊ သူနာပြု၊ မေ့ဆေးဆရာဝန် စုစုပေါင်း ၂၅ ဦး ပါဝင်သောအဖွဲ့က ၆ နာရီကြာ ပြုလုပ်ခဲ့ကြသည်။
ယင်းမိန်းကလေးများသည် ဘူတန်နိုင်ငံသို့ မပြန်မီ ၎င်းတို့အား ကနဦးတာဝန်ယူထားသော သြစတြေးလျနိုင်ငံရှိ Children First Foundation ပိုင် အဆောက်အအုံ၌ ပြန်လည်သန်စွမ်းမှုအတွက် ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။ (Xinhua)